ဝိုးတဝါးမြင်ယောင်နေမိသော
ပုံရိပ်ယောင်များဟာ Baekhyun ၏အာရုံထဲတွင်
ဖြည်းဖြည်းချင်းပျောက်ကွယ်သွားခဲ့သည်။
နေရာတိုင်းမှာ အမှတ်တရတွေပြည့်နေတာမို့
အသက်ရှုရန်ပင်ခက်ခဲလွန်းလှ၏
Baekhyun သည်လက်ထဲမှာကိုင်ထားသောာ
ဖုန်းထဲမှ နေ့စွဲကိုငုံ့ကြည့်လိုက်သည်
25.12.2020
Baekhyun ၏မျက်လုံးအိမ်များ
ငြိမ်သက်သွားခဲ့သည်
ဒီနေ့က သူတို့ရဲ့ နှစ်ပတ်လည်တဲ့လား။
ဖုန်းscreen က date လေးအပေါ်
လက်ညိုးနဲ့ခပ်ဖွဖွထိတွေ့မိသော baekhyun သည်
နှစ်ပတ်လည်တိုင်း baekhyun ကြိုက်သော
စတော်ဘယ်ရီကိတ်ဝယ်လာတတ်သူကို
မြင်ယောင်လာတဲ့အခါ
မျက်လုံးတွေကိုအကြာကြီးစုံမှိတ်ချလိုက်မိသည်
အတွေးတွေအားလုံးကိုရှင်းထုတ်ပြီးသည့်နောက်မှ
Baekhyun အိမ်ထဲကထွက်လာခဲ့တော့သည်
ပထမဆုံးအလုပ်တတ်ရသည့်နေ့မို့
အိမ်မှစောစောထွက်လာဖြစ်သည်။
interior architecture အဖြစ် Us တွင်ဘွဲ့ရခဲ့ပြီး
Korea တွင်အလုပ်ပြန်လျှောက်ခဲ့တဲ့အခါ
ကံကောင်းစွာပဲ လိုချင်သောcompany တစ်ခုမှာ
အလုပ်ဝင်ခွင့်ရခဲ့သည်။
အမေ့၏ နောက်အိမ်ထောင်နဲ့ရသောကလေးများက
us မှာကျန်ခဲ့ပြီး baekhyun
တစ်ယောက်သာ korea သို့ပြန်လာခဲ့ခြင်းဖြစ်သည်။
ဟိုမှာနေခဲ့ရတဲ့နေ့ရက်တိုင်းကအေးစိမ့်ခဲ့ပေမယ့်
ဒီမှာတော့ဖြင့်လေပြေညင်းကအစ
နွေးထွေးနေသလို ခံစားရသည်။
အဖက်ဖက်ကလာသော နွေးထွေးမှုတွေက
အထီးကျန်ခဲ့သည့်သူ့အား အများကြီး
နှစ်သိမ့်မှုဖြစ်စေပါ၏
တီ တောင်
ဓာတ်လှေကားတံခါးပွင့်သွားတဲ့အခါ
baekhyun သည်သူအလုပ်ဝင်ရမည့်ရုံးခန်းရှိရာသို့ရောက်လာခဲ့သည်။အတူလိုက်ပို့ပေးသော
အလုပ်က စီနီယာတစ်ယောက်က
အခြားသူများနဲ့သူ့အားမိတ်ဆက်ပေးသည်။
နိူင်ငံခြားမှ ဘွဲ့ရလာခဲ့သူမို့ အားလုံးက
အနည်းငယ်အထူးတလည်ဆက်ဆံကြသည်။
ပထမဆုံးအလုပ်တတ်သည့်ရက်က အများကြီး
Pressure ရှိမနေတာကြောင့် baekhyun
စိတ်သက်သာရာရမိတာတော့အမှန်ပဲဖြစ်သည်။
Part 3
Comenzar desde el principio
