တစ်ရက်တောင် မမေ့ပဲ လွမ်းနေခဲ့ပါတယ်လို့
ဝန်ခံမိရင် Chanyeol ကျွန်တော့်ကို
ပိုမုန်းသွားလောက်မယ်မလား။

မင်းကြောင့်ပြန်လာတာပါဆိုတဲ့စကားကို
နောင်တတွေနဲ့အတူ ရင်ဘတ်ထဲကို
အကြိမ်ကြိမ်မြိုချရ​၏။ဒီလိုစကားမျိုးကို စိတ်ထဲမှာ
တွေးမိတာနဲ့တင် ကျွန်တော်တရားလွန်နေပြီ

မတွေ့ရတဲ့နှစ်တွေကြားထဲ
အများကြီးပြောင်းလဲသွားခဲ့သူဟာ
အခြားလူတစ်ယောက်နီးပါးဖြစ်သွားခဲ့သည်
ကျွန်တော်မှတ်မိနေသော Chanyeol သည်
ဖြူစင်သည်။နွေးထွေးသည်။
​အလွန်အားနာတတ်ပြီး အလွန်သဘောကောင်းသော
ကောင်လေးတစ်ယောက်ဖြစ်သည်။
အခုမြင်နေရသော Chanyeol မှာ မျက်နှာနှင့်နာမည်သာဆင်တူသည်။အရင်က ကျွန်တော်သိခဲ့သော
Chanyeol လုံးဝမဟုတ်တော့ပါ

ဘယ်အရာတွေက ဒီဖြူစင်သူကို
ဒီလောက်အထိ တင်းမာသွားစေခဲ့သနည်း

အိမ်လိပ်စာရှေ့သို့ရောက်ရှိတဲ့အခါ
ကားပေါ်မှဆင်းလာပြီး
အဆောက်အဦးထဲဝင်လာခဲ့သည်။

ပန်းချီပြခန်း ဖွင့်ပွဲအတွက်
အလုပ်များနေကြသော
လူအသီးသီးကြားထဲတွင်
ထင်းထွက်နေသော Chanyeol ကို baekhyun အပေါက်ဝမှလှမ်းမြင်လိုက်ရသည်။
ခေါင်းလှည့်ကြည့်သော Chanyeol သည်
baekhyun ကိုမြင်တဲ့အခါ မျက်ခုံးများ
အလိုမကျဟန် တွန့်ကွေးသွားခဲ့သည်

Baekhyun ရှိရာသို့လျှောက်လှမ်းလာသော
chanyeol ​၏မျက်နှာကိုတည့်တည့်မကြည့်နိူင်တာကြောင့် baekhyun အကြည့်တွေလွှဲထားမိသည်။
ငယ်ငယ်ကလိုပိန်ပိန်ရှည်ရှည်လေးမဟုတ်တော့သည့် ခန္ဓာသည် ရှပ်အဖြူူ​၏အောက်တွင် ကြွက်သားများ ထင်းထွက်နေသည်။
ပြင်ပြင်ဆင်ဆင်ကြီး နေတာမျိုးမဟုတ်ပေမယ့်
ရှိရင်းစွဲပုံစံနဲ့တင် စမတ်ကျနေ​၏။
ထင်းနေသော မေးရိုးတွေ။နှာခေါင်းထိပ်က
ကျွန်တော်ငယ်ငယ်က အရမ်းချစ်ခဲ့ရသော အနက်ရောင်အစက်ငယ်လေး။

အခုထိလည်း
ထိုအစက်ငယ်ကို မြင်တိုင်းရင်ခုန်နေတုန်းပဲဆိုရင်
ကျွန်တော်အရမ်းတစ်ကိုယ်ကောင်းဆန်သွားမလား

မျက်နှာချင်းဆိုင်ရပ်လာသူအား
ယူလာသော စာရွက်စာတမ်းတွေကမ်းပေးလိုက်တဲ့အခါ စိတ်မရှည်သည့်ဟန် ဆတ်ခနဲလှမ်းယူသည်။

" မြန်မြန်လာပါလို့ ပြောတဲ့စကားကို နားမလည်တာလား မင်းကိုစောင့်နေရတာနဲ့တင် ဘယ်နှနာရီကြာသွားတာလဲ "

ခပ်တင်းတင်းမေးလာသူကို
baekhyun သည်ခေါင်းတစ်ချက်ငုံ့၍သာ
ပြန်ပြောလိုက်သည်။

" တောင်းပန်ပါတယ်
ကားကြပ်နေလို့ပိုကြာသွားတာ "

chanyeol သည် baekhyun ကို
တစ်ချက်စိုက်ကြည့်ကာ 
ဘာမှထပ်မပြောပဲ
လှည့်ထွက်သွားသည်။
ဒီနေ့ အဖွဲ့မှူးကိုကူညီပေးရမည့်
စီနီယာက အလုပ်မလာတာကြောင့်
baekhyun ရောက်လာရခြင်းဖြစ်သည်။

နှစ်ဦးထဲ စကားပြောရတဲ့အခုလို
အခြေအနေမျိုးကလည်း ဒါပထမဆုံးဖြစ်သည် 

ဒီလိုဆက်ဆံလောက်မှာ အမြဲ
ကြိုတွေးထားခဲ့ပေမယ့်
တကယ်ကြုံတွေ့ရတဲ့အခိုက်မှာတော့ baekhyun ရင်ထဲက တစ်ဆစ်ဆစ်ခံစားရသည်။
တကယ်တော့ ကျွန်တော်ဟာ
ငယ်ငယ်က Chanyeol ဆိုလျှင်တော့ဖြင့်
အနည်းဆုံးတော့ ကျွန်တော့်ကိုလက်ခံစကားပြောလောက်မယ်လို့ တွေးခဲ့တယ်ဆိုပိုမှန်မည်

ကျွန်တော့်အချစ်ဦးသည်
အများကြီးပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

Wrong LinesNơi câu chuyện tồn tại. Hãy khám phá bây giờ