"ကဲပြော မယ်မင်းကြီးမလေး ဘာကြောင့်ချိန်းတာ...""ငါလေ..."
"အွန်း..."
"ငါ ငါ..."
"ပြောစမ်းပါ ဘာဖြစ်နေတာလည်း တ ငါငါနဲ့..."အေမီစိတ်မရှည်တာနဲ့ ခွန်းကိုအော်လိုက်မိသည်....
"ငါ အသဲကွဲနေသလိုကြီးခံစားနေရတယ်....ဒီတစ်ခါငါ တို့တကယ်ဝေးကြရပြီလား မသိဘူးဟာ..."တစ်ချိန်က 1 month anniversary မှာ သံသာ ခွန်းကိုပေးခဲ့တဲ့လက်စွပ်လေးကိုကြည့်ပြီး ခွန်း ခပ်တိုးတိုးလေးရေရွတ်မိနေသည်...
"ဟမ် ဘယ်လို ဘယ်လို အရာရာအဆင်ပြေနေကြတာဆို...ခုဘယ်လိုဖြစ်ရတာလည်း.."
"ငါလေ ဒီနေ့သူ့ကိုယောက်ျားတစ်ယောက်လာခေါ်သွားတာငါတွေ့ခဲ့ရတယ်..."
"အော် အသိနေမှာပါဟ..."
"မဟုတ်ဘူး အစ်ကိုမြတ်ဇော်ပြောတာတော့ သူနဲ့ယူမဲ့သူတဲ့..."
"မဖြစ်နိုင်တာကွာ...."
သူငယ်ချင်းမလေးခွန်းကမမသံသာကိုအရမ်းချစ်သလို မမသံသာကလည်းခွန်းကို အရမ်းချစ်တာ
အေမီသိထားသည်လေ..."မသိပါဘူး ကွာ ငါစိတ်ညစ်တာပဲသိတယ်..."
"ဟာ အဲလိုကြီးဖြစ်မနေပါနဲ့ နင်ချစ်တယ်မလား..."
"ချစ်တာပေါ့ဟ မ ကငါ့ဘဝရဲ့အချစ်ရဆုံး ချစ်ဦးသူပဲဟာ...ရင်ထဲအသဲထဲကနေနစ်နေအောင်ချစ်တာ..."ခွန်း ပြောလိုက်တဲ့စကားကို တစ်ဖက်ဝိုင်းမှ သံသာ ကြားပြီး ကျေနပ်စွာပြုံးလိုက်မိသည်..
"မ ကလည်း ခွန်းလေးကို အရမ်းချစ်တာပါ ကလေးရယ်..."
သံသာ ခွန်းကိုမနာလိုစေချင်တဲ့စိတ်နဲ့ ကိုအောင်သီဟမောင်နဲ့ လိုက်သွားခဲ့တာက ခွန်းတားတာလေးကိုခံချင်လို့...လမ်းတစ်ဝက်ရောက်မှ သံသာ ခွန်းရဲ့မျက်နှာလေးကိုပြေးမြင်ပြီး စာအုပ်တိုက်ကို အပြေးလေးအမြန်ပြန်လာခဲ့သည်...
သံသာ စာအုပ်တိုက်ရှေ့မှာ ကားလေးရပ်တော့ ခွန်း ထွက်လာတာကိုမြင်လိုက်သည်...လှမ်းခေါ်မယ်လုပ်တော့ ခွန်းကဖုန်းပြောနေတာနဲ့ သံသာလည်းနောက်ကနေ မသိမသာလေး လိုက်လာခဲ့သည်...အခုလည်း ခွန်းနဲ့အေမီတို့ပြောနေတဲ့စကားတွေကိုတစ်ဖက်ဝိုင်ကနေ ခိုးပြီးနားထောင်နေမိသည်...ခွန်း သံသာ့ကိုသဝန်တိုနေတာရော အရမ်းချစ်တာရောကြားရတော့ ဒီကောင်မလေးကိုပိုပိုပြီး ချစ်လာတော့သည်...
YOU ARE READING
ခဈြဦးသူ // ချစ်ဦးသူ [ Completed ] { Unicode & Zawgyi }
Romance{ Unicode } normal အချစ်ဝထ္ထုလေးတွေရေးရင်း လူငယ်တွေကြားထဲနာမည်ကြီးနေတဲ့ စာရေးဆရာမလေးကို စာအုပ်တိုက်မှ LGBT(girl love fic) ရေးဖို့တောင်းဆိုလာရင်း LGBT တွေအကြောင်းကိုလိုက်စုံစမ်းရင်းနဲ့ သူကိုယ်တိုင် မိန်းကလေးတစ်ယောက်အား ချစ်မိသွားသောအခါ ။ { Zawgyi } ...