part (2) { Zawgyi }

519 36 0
                                    


"ငါပြောတဲ့ကောင်မလေးက ငါ့မမရဲ့သူငယ်ချင်း..."

"ချောလား နင့်မမသူငယ်ချင်းက..."

"အွန်း ချောတယ်...သူ့နာမည်က သံသာဦးတဲ့..."

"နင်နော် ငါ့ကိုဟိုတစ်ခေါက်ကလိုလုပ်လို့ကတော့အသေပဲ...."ခွန်းကို အေမီ က ကောင်မလေးရှာပေးမယ်ဆိုပြီး အမတစ်ယောက်နဲ့ချိန်တွေ့ပေးသည်...သူက ခွန်းထက်၅နှစ်ကျော်ကျော်လောက်ကြီးပြီး ပစိပါးစပ်များသည်...ရည်းစားတွေတောင်မဖြစ်သေးဘူး...အရမ်းချုပ်ချယ်လွန်း၍ထွက်ပြေးခဲ့ရသည်...

"မလုပ်ပါဘူးသူငယ်ချင်းလေးရယ်...ဒါပေမဲ့ နင့်အတွက်ဆိုပေမဲ့ နင့်ဘာသာကြိုးစားရမှာပေါ့..."

"နင့်စကားကြီးကလည်းဘယ်လိုကြီးလည်း..."

"ဒီလိုကွာ..လာမဲ့စနေနေ့ပါတီပွဲအတွက် နင်ကသူ့ရဲ့ဟန်ဆောင်ကောင်မလေးအဖြစ်နဲ့ပွဲတက်ပေးရမှာ..."

"အော်..အဲလိုလား....ရပြီ ရပြီနင်ပြောချင်တာငါသဘောပေါက်ပြီ..."
ခွန်း တစ်ယောက်သူ့ကိုယ်သူ"ငါတော်တယ်မလား"ဆိုတဲ့ပုံစံနဲ့မေးကိုလက်နဲ့ထိကပ်ပြီး မျက်ခုံးနှစ်ဖက်ပင့်ကာစပ်ဖြီးဖြီးလုပ်နေသည်...
အေမီနဲ့ ခွန်းက တက္ကသိုလ်တစ်ခုထဲကသူငယ်ချင်းဖြစ်ရုံမက မေဂျာတူအချစ်ဆုံးသူငယ်ချင်း...အေမီ အိနြေ္ဒလှိုင်ဆိုတဲ့ အမကြီးကိုကြိုက်တုံးက ခွန်းနဲ့စကားခဏခဏများရသည်...မမအိနြေ္ဒလှိုင်က ရှုပ်တယ်လို့လည်းကြားရတော့စိတ်ပူမိသည်...နောက်တော့လည်း နှစ်ယောက်သားအရမ်းချစ်တာသိခဲ့ရတဲ့အတွက်ဘာမှတော့ ခွန်း ထပ်ပြီးဝင်မစွက်ဖက်မိပါ...သူငယ်ချင်းလေးပျော်ဖို့သာအဓိကမလား...

Taxiလေးပေါ်ထိုင်ရင်း ခွန်း တစ်ယောက် သံသာဆိုတဲ့သူမနဲ့ပတ်သက်တဲ့ အေမီပြောပြဘူးတဲ့အကြောင်းတွေကိုတွေးနေမိသည်...ဒီနေ့ကသံသာနဲ့တွေ့ဖို့ချိန်းထားတဲ့နေ့ တော်တော်သိချင်မိပါသည်...သူဘယ်လိုပုံစံလေးလည်းဆိုတာကိုပေါ့...."ကား ဆရာရာရယ်မြန်မြန်လေးမောင်းပေးလို့မရဘူးလား..."

"ကျွန်တော်လည်း မောင်းနေတာပါ...ကားအရမ်းကျပ်လို့လေ..."

ချိန်ထားတဲ့‌အချိန်ကို‌ကျော်ပြီးနောက်မကျချင်ပါ..ကားကျပ်တာကိုတော့ ကိုယ်တိုင်လည်း မတက်နိုင်ခဲ့ပါ...

ခဈြဦးသူ // ချစ်ဦးသူ [ Completed ] { Unicode & Zawgyi }Where stories live. Discover now