part (4) { Zawgyi }

364 32 1
                                    

သံသာအော်နေမိသည်...အသံတို့က ‌အပြင်သို့ထွက်မလာပဲ မျက်လုံးတို့သာခက်တင်းတင်းမှိတ်ထားမိသည်..."သံသာ နင်ပြန်ရုန်းလေ နင့်မှာအားတွေရှိတာပဲ...နင်တို့ကမိန်းကလေးချင်းလေ...ပြီးတော့သူက မင်းကိုလွယ်လွယ်ရသွားတယ်ထင်မှာပေါ့..."ရင်ဘတ်ထဲကအက်ကြောင်းထပ်နေတဲ့ထိုစကားတို့သည်...လည်ချောင်းတွင်းမှာသာ ပျောက်ကွယ်သွားပြီး..သူမနှုတ်ခမ်းတစ်စုံနဲ့ထိတွေ့မိတဲ့ခဏတာတင် အရာရာဟာ‌ အရေပျော်သွားခဲ့သည်...

နှုတ်ခမ်းတို့ခွာသွားတဲ့အချိန်...နားထဲသို့ခပ်တိုးတိုးရောက်လာတဲ့ အသံလေး"အဒေါ်ရီး...သတိထားအုံး..."သံသာမျက်လုံးဖွင့်ကြည့်လိုက်တဲ့အချိန်...သံသာ့ရဲ့ ရှေ့ခပ်လှမ်းလှမ်းကိုရောက်နေသော...ခွန်း...ဘာပြောရမှန်းမသိပဲ ကြောင်ပြီးကြည့်နေမိသည်..

ခွန်းက တီရှုးတို့ကိုထုတ်ယူပြီး...သံသာ့ရဲ့နှာဖူးလေးက ချွေးသီးလေးတွေကိုတယုတယသုတ်ပေးနေမိသည်...သံသာ ခွန်းရဲ့လက်တို့ကိုဖယ်ချလိုက်ပြီး...စားပွဲပေါ်က အရက်ထည့်လက်စ ခွက်ကိုယူပြီးမော့ချလိုက်သည်..."သံသာစိတ်ဆိုးမိပါသည်...အမြဲတမ်းစတတ်တဲ့သူမကိုလား... မငြင်းခဲ့မိတဲ့ကိုယ့်ကိုကိုယ်လား...မနမ်းဖြစ်ခဲ့ကြတဲ့အတွက်ကြောင့်လား...ကြောက်နေတဲ့အတွက်လား...ဘာမှန်းဝေခွဲမရပဲ...စိတ်တိုနေမိသည်.."တစ်ခွက်ပြီးတစ်ခွက်သောက်ပြီး ခေါင်းကိုတက်နိုင်သမျှ‌ငုံ့ထားမိသည်..

ခွန်းကတော့ အရက်သောက်နေတဲ့ သံသာ့ကို ခေါင်းလေးစောင်းကာခုံပေါ်လက်ထောက်ပြီး ငေးကြည့်နေမိသည်...နဂိုကတည်းကအသားဖြူတဲ့သူမလို့လား အရက်သောက်ထားတဲ့အရှိန်ကြောင့်လား..ရှက်‌နေတဲ့အတွက်ကြောင့်လား...မသိ..သူမရဲ့ပါးလေးက ရဲရဲနီနေသည်...
ခပ်ရဲရဲနှုတ်ခမ်းလေး..အရက်လေးတွေပေနေတဲ့ရွှန်းလဲ့လဲ့နှုတ်ခမ်းလေးကြောင့် ရေငတ်သလိုခံစားရတာနဲ့ ဖောက်လက်စ suprise ဘူးလေးကို မော့သောက်လိုက်သည်...သိပ်မရှတော့လို့လား..စိတ်အလိုမကျလို့ပဲလားမသိ..အရသာမရှိသလိုခံစားရသည်...

ခွန်းမနေနိုင်တာနဲ့ သံသာ့ရဲ့ပါးရဲရဲလေးကိုလက်
ချောင်းလေးနဲ့တို့ထိလိုက်သည်...သံသာက ခွန်းကိုတစ်ချက်သာကြည့်ပြီး ဆက်လက်သောက်နေသည်...

ခဈြဦးသူ // ချစ်ဦးသူ [ Completed ] { Unicode & Zawgyi }Where stories live. Discover now