"ဟဲ့ ကောင်မလေး ညနေစောင်းနေပြီ ဘယ်လည်း.. ""ဒီနားခဏ ဒေါ်လေးရေ..."
"ဟဲ့ ဟဲ့ ထီးယူသွားလေ...မိုးအုံ့နေတာမမြင်ဘူးလား.."
"မိုး မရွာခင်ပြန်လာခဲ့မယ် ဒေါ်လေး..."
'မ'ချိန်းထားတဲ့ တွေ့နေကျ ကော်ဖီဆိုင်လေးသို့ ခွန်းတစ်ယောက်အပြေးအလွှားရောက်လာခဲ့သည်..."ဟော တွေ့ပါပြီ...'မ'ကို...ဆိုင်ရဲ့ ထောင်စွန်းကျကျလေးမှာ ထိုင်နေတဲ့ ကောင်မလေး..." မိုးမကျပေမဲ့ အုံ့မှိုင်နေတဲ့မိုးရိပ်အောက်မှာ လေက တဖြူးဖြူးတိုက်ခတ်နေသည်... 'မ'ရှိတဲ့ စားပွဲခုံလေးဆီသို့ ခွန်းလျှောက်သွားပြီး 'မ'ရဲ့ရှေ့ကိုဝင်ထိုင်လိုက်သည်...ခွန်း လာတာမြင်ရင်တောင် အပြုံးနုနုလေးနဲ့အဝေးကနှုတ်ဆက်တတ်တဲ့ 'မ' အခုတော့ ရှေ့မှာတစ်ယောက်လုံးရောက်နေတာတောင်...'မ'ရဲ့သိပ်လှတဲ့အပြုံးတို့မမြင်ရသေးပါ...'မ'ရဲ့မျက်နှာဟာတည်တန့်လွန်းလှသည်...
"ကဲ..ပြောပါအုံး...ခွန်းကို အရမ်းလွမ်းနေပြီလား အဒေါ်ရီး..."ခွန်းက သံသာ့ရဲ့လက်ကလေးကိုဆုတ်ကိုင်လိုက်တော့... ခွန်းရဲ့လက်ထဲကနေ ရုံးထွက်ပြီး စားပွဲပေါ်က ရေတစ်ခွက်ကိုသာယူသောက်နေပြန်သည်...ခွန်းဝမ်းနည်းသလိုရှိလှသည် ရင်ဘတ်ထဲမှာလည်းဟာတာတာကြီးဖြစ်သွားသည်..."မ ပုံစံကလုံးဝသူစိမ်းတစ်ယောက်နဲ့တူလှသည်..."
'မ'ရဲ့မျက်လုံးတို့ရဲ့ မျက်ရစ်လေးတွေမှာ ရဲရဲတောက်နေသည်..ခွန်းသိလိုက်ပြီ"မ ငိုထားတယ်ဆိုတာ.."
"မ..ဘာဖြစ်တာလည်း 'မ' ဘာလို့လည်း ငိုထားတာလား..ပြဿနာတစ်ခုခုများရှိလို့လား..."ဝမ်းနည်းမှုတို့ကိုဘေးချိတ်ပြီး စိုးရိမ်တကြီးမေးလိုက်မိသည်...
မိုးဖွဲလေးတွေတဖွဲဖွဲကျလာခဲ့သည်...ဆိုင်ထဲမှာလည်း အဝင်အထွက်တွေနဲ့အလုပ်ရှုပ်လှသည်...
ခွန်း ဆိုင်အပြင်ဘက်ကို ကာထားတဲ့မှန်လေးထဲကနေငေးကြည့်နေမိသည်...ခွန်း မိုးရာသီကိုချစ်လှသည်...မိုး ရွာရင်အလိုလိုပျော်မြူးနေတတ်သည်.."ခ"
သံသာ့ရဲ့ခေါ်သံကြောင့် အပြင်ဘက်ငေးနေရာကနေ သံသာကိုကြည့်လိုက်သည်...
"ဟုတ်ကဲ့ မ..."အပြုံးချိုချိုလေးလည်းပြန်ပြုံးပြလိုက်သည်...
YOU ARE READING
ချစ်ဦးသူ // ခ်စ္ဦးသူ [ Completed ] { Unicode & Zawgyi }
Romance{ Unicode } normal အချစ်ဝထ္ထုလေးတွေရေးရင်း လူငယ်တွေကြားထဲနာမည်ကြီးနေတဲ့ စာရေးဆရာမလေးကို စာအုပ်တိုက်မှ LGBT(girl love fic) ရေးဖို့တောင်းဆိုလာရင်း LGBT တွေအကြောင်းကိုလိုက်စုံစမ်းရင်းနဲ့ သူကိုယ်တိုင် မိန်းကလေးတစ်ယောက်အား ချစ်မိသွားသောအခါ ။ { Zawgyi } ...