မင်းကြောင့်
ငါတကယ်ထူးဆန်းနေပြီ
ကိုယ့်ကိုယ်ကိုယ် ဘာဖြစ်နေမှန်း ငါမသိဘူး
မင်းအခု ငါဘာဖြစ်နေလဲလို့မေးနေတယ်မလား
ငါလည်း ငါဘာဖြစ်နေမှန်းမသိဘူး
ဒီအတိုင်း မင်းကိုအရမ်း ဒေါသထွက်နေတယ်
မင်းက အဲ့ကောင်မလေးပေးတဲ့ပန်းစည်းကို
တစ်ကျောင်းလုံးရှေ့မှာလက်ခံလိုက်တာကို
ဒေါသထွက်နေတယ်လို့ ထင်ပေမယ့်အဲ့တာလည်းမဟုတ်ဘူး မသိတော့ဘူး
အဲ့တာကြောင့် ဘာမှထပ်မမေးနဲ့တော့ "

ပြောချင်တာတွေအားလုံးကိုအကုန်ပြောချလိုက်ပြီး
Baekhyun ရှေ့မှထွက်လာဖို့ပြင်တဲ့အခါ
Baekhyun သည် Chanyeol ​၏
လက်ကောက်ဝတ်ကိုလှမ်းဆွဲလိုက်သည်။

တင်းကျပ်နေအောင်ဆွဲယူဖမ်းဆုပ်ခြင်းခံလိုက်ရသော လက်ကောက်ဝတ်ကြောင့်
Chanyeol တစ်ဖက်လူကိုပြန်ငှဲ့ကြည့်မိသည်

Baekhyun သည်ခေါင်းကိုအစွမ်းကုန်ငုံ့ထားသည်
ဟိုထောင်ဒီထောင်ဆံပင်လေးတွေကိုသာ
မြင်နေရ​၏

ခေါင်းငုံ့ထားသော baekhyun ထံမှအသံတိုးတိုးလေးထွက်ကျလာခဲ့သည်

" မင်းဘာဖြစ်နေလဲဆိုတာ ငါသိတယ် "

ပို၍တင်းကြပ်သွားသော လက်ကောက်ဝတ်တွေနဲ့အတူ မော့ကြည့်လာသော baekhyun ​၏မျက်လုံးတွေထဲမှာစိတ်လှုပ်ရှားမှုကြောင့်ဝဲတတ်နေသော
မျက်ရည်စတွေရှိနေသည်

chanyeol သည် ထိုမျက်ဝန်းတွေနဲ့အကြည့်ချင်းဆုံတဲ့အခါ ဘာမှဆက်မတွေးနိူင်လောက်တဲ့အထိ
​ဆွဲဆောင်ခံလိုက်ရသည်

" Chanyeol "

baekhyun ​၏နှုတ်ခမ်းပါးလေးက
အလွန်ပါးလျစွာပြုံးသွားခဲ့သည်
ထိုအပြုံးရေးရေးလေးကိုမြင်လိုက်ရသည့်
စက္ကန့်ပိုင်းအတွင်းမှာ
Chanyeol သည် ရင်ဘတ်ထဲကနှလုံးသား​၏
စကားသံကိုကြားလိုက်ရ​၏။
Chanyeol ကိုယ်တိုင်သည်လည်း
တုန်လှုပ်သွားခဲ့သည်။

" မင်းငါ့ကို သဘောကျနေပြီ  "

သဘောကျနေပြီ လားလည်းမဟုတ်။
သဘောကျနေပြီထင်တယ် တောင်မဟုတ်ခဲ့။
သဘောကျနေပြီလို့ အလွန်ပိုင်နိူင်စွာ
ယုံကြည်ချက်ချက်ရှိရှိပြောလာနိူင်သူကိုငေးရင်း
မဟုတ်ပါဘူးလို့ Chanyeol မငြင်းနိူင်တော့ပါ

Wrong LinesWhere stories live. Discover now