" ဘာဖြစ်လို့လဲ "

chanyeol သည် baekhyun ရှေ့မှ ထွက်သွားဖို့သာခြေလှမ်းပြင်သည်။baekhyun မရမက အရှေ့မှပိတ်၍ တားနေတာကြောင့်စိတ်လည်းမရှည်တော့ဟန်ပေါ်​၏

" ဖယ်ပေး Baekhyun "

" ငါတစ်ခုခုလုပ်မိလို့လား
ဘာဖြစ်နေတာလဲ "

" ဘာမှမဖြစ်ဘူး
ဖယ်ပေး "

" မဖယ်ဘူး
မင်းစိတ်ဆိုးနေတဲ့အကြောင်းအရင်းကို
သိရမှ ဖယ်မယ်  "

တကယ်တော့ အခုဖြစ်နေသော
စိတ်ခံစားချက်အတွက် ကျွန်တော့်အတွက်လည်းအဖြေမရှိပါ

ဘာလို့ဒေါသထွက်နေမိသနည်း။

ကျွန်တော့်ကိုသဘောကျနေသူက
အခြားလူပေးသော ပန်းစည်းကို
လက်ခံလိုက်တဲ့အတွက်ကြောင့်လား။

ထိုသူ​၏ ကောင်မလေးကိုကြည့်ရင်းပြုံးလိုက်တဲ့အပြုံးကြောင့်လား။

ကျွန်တော်ကိုယ်တိုင်ကိုက ထိုသူအား
အခြားသူတစ်ယောက်နဲ့မမြင်ချင်တာလား

မသိတော့ဘူး။

ဆက်တွေးလို့ရပေမယ့်
ဆက်မတွေးရဲတာလည်းပါမယ်

မဟုတ်မှလွဲရော ကျွန်တော် baekhyun အပေါ်ကို
စိတ်ယိုင်လာခဲ့ပြီလား

" ငါတို့ဒီလိုအခြေအနေဖြစ်နေတဲ့အချိန်မှာ
ငါဘောလုံးသွားကန်မနေနိုင်ဘူး Chanyeol
မင်းတကယ်ဘာဖြစ်နေတာလဲ "

" မင်းနဲ့မဆိုင်ဘူးလို့ပြောနေတယ်မလား"

" မင်းငါ့ကို အခုတစ်ချက်တောင်မကြည့်တဲ့ ဒီအခြေအနေကို ငါနဲ့မဆိုင်ဘူးလို့ပြောနေတာလား
မင်းဘာဖြစ်နေတာာလဲ "

" မင်းကရော ဘာဖြစ်နေတာလဲ "

ပြန်မေးလာသော
Chanyeol ​၏အသံက တည်ငြိမ်မှုတွေထဲမှာ
တုန်လှုပ်ခြင်းတွေရှိနေသည်

chanyeol  ​၏အကြည့်တွေဟာ
အရင်ကထပ်အများကြီး စူးရှနေသယောင်။

" မင်းတကယ်ဘာလဲ

ဘာမဟုတ်တဲ့ စာတစ်စောင်ကို
တညလုံးထိုင်မျှော်နေတာရော
အခန်းထဲမှာ လူတစ်​ယောက်ထဲကိုပဲ
လိုက်ကြည့်နေမိတာရော
ဘာမှမဟုတ်တဲ့အရာလေးတစ်ခုကို
မျက်လုံးနဲ့မြင်လိုက်ရရုံလေးနဲ့
ဒီလောက်အထိဒေါသတွေထွက်နေမိတာရော

Wrong LinesWhere stories live. Discover now