ဆံပင်ခပ်ရှည်ရှည်၊သွယ်လျသောကိုယ်ထည်နဲ့အပြုံးလှသော ကောင်မလေး၏ကမ်းပေးသော
ပန်းစည်းလေးကို baekhyunလှမ်းယူတဲ့အခိုက်မှာ
မွန်းကြပ်ပိတ်ဆို့လာတဲ့ဒီခံစားချက်ကြီးဘာလဲ
ကျွန်တော်ဆက်မကြည့်နိူင်တော့တာကြောင့်
ထိုမြင်ကွင်းရှေ့က ထလာခဲ့ပြီး
အခုလို တစ်ယောက်ထဲ
ကျောင်းပန်းခြံထဲမှာလာထိုင်နေဖြစ်တယ်
ဘာကြောင့် စိတ်ထဲမှာ ဘဝင်မကျစွာ
စနိုးစနှောင့်ဖြစ်နေရတာလဲ
ကျွန်တော်ကိုယ်တိုင်ကပဲ baekhyunဖွင့်ပြောလာ
တိုင်းအကြိမ်ကြိမ်ခေါင်းခါငြင်းခဲ့တာ
အခြားလူတစ်ယောက်ကbaekhyunကို
ဖွင့်ပြောလာတဲ့အခါဘာလို့ဒီလောက်အထိ
နေရခက်စွာမွန်းကြပ်လာရတာလဲ
" ဒီရောက်နေတာလား Chanyeol"
ကျောအနောက်ဘက်မှထွက်ပေါ်လာတဲ့အသံကြောင့်
chanyeol၏ရင်ဘတ်တစ်ခုလုံးဒိန်းခနဲဖြစ်သွားခဲ့သည်
baekhyunရောက်လာတာလား
မဖြစ်ဘူး။ဒီခံစားချက်တွေလွှမ်းမိုးနေတဲ့
စိတ်အခြေအနေမှာbaekhyunနဲ့
မတွေ့ချင်ဘူး
ဘာတွေဆက်ဖြစ်မလဲဆိုတာ
ကျွန်တော်ကိုယ်တိုင်ပင်မခန့်မှန်းနိူင်တာကြောင့်
chanyeolသည်ဘေးတွင်ဝင်ထိုင်သောbaekhyunကို
မည်သို့မှမတုံ့ပြန်ပဲထိုင်ရာမှကောက်ထလာခဲ့သည်
" Chanyeol"
baekhyun၏အံ့ဩမှုအနည်းငယ်ရောယှက်နေသောအသံလေးကိုကြားလိုက်ရသည်
Chanyeol လှည့်မကြည့်ဖြစ်။
မျက်နှာချင်းမဆိုင်ချင်သလို
ဘာစကားမှပြောချင်စိတ်မရှိတာကြောင့်
အဆက်မပြတ်ခေါ်နေသူကို တစ်ချက်ပြန်လှည့်မကြည့်ပဲလျှောက်လာခဲ့တဲ့အခါ
baekhyun သည်အနောက်မှပြေးလိုက်လာသည်
အတင့်ရဲတာလား အလိုက်မသိတာလား
မဝေခွဲနိူင်သူဟာ chanyeol ရှေ့တွင်ပိတ်
ရပ်လိုက်လေပြီ
chanyeol ၏မျက်ခုံးများ
အလိုမကျဟန်တွန့်ကွေးသွားခဲ့သည်
" ဖယ် "
Chanyeol ၏လေသံကအနည်းငယ်မာနေသောအခါ
baekhyun သည်ပို၍စိုးရိမ်စွာငေးကြည့်လာသည်
Part 2
Start from the beginning
