ဖုန်းကိုထုတ်ပြီးပြတဲ့အခါ
ကြည့်တဲ့လူကကြည့်သည်
" အေး မြင်လိုက်တယ် မိုက်သားပဲအဲ့တာ
ဘယ်လောက်လဲ "
" ဈေးကခဏထားအုန်း
ပစ္စည်းနဲ့တင် fgshjjgffvvbb...... "
နှစ်ယောက်သားစကားတွေပြော၍လျှောက်လာကြတဲ့အခါ baekhyun ၏ပုခုံးအပေါ် ဘယ်တုန်းက
တည်းက ရောက်နေမှန်းမသိသော
သူ့လက်တွေကို chanyeol ငုံ့ကြည့်မိသည်။
ဒါသည် တစ်ကယ်ကို
မရင်းနှီးလွန်းသည့်ခံစားချက်တွေဖြစ်ပါသည်။
အရမ်းကိုမရင်းနှီးလွန်းလို့ ကိုယ့်ကိုယ်ကိုယ်တောင်
မသိလိုက်ပါပဲ နစ်ဝင်သွားမိတဲ့အချိန်တွေ
များစွာရှိသည်။
နောက်ပြီး
အချိန်တွေက တစ်ရွေ့ရွေ့နဲ့
မသိသာစွာကုန်ဆုံးလာခဲ့သည်။
Baekhyun ပါဝင်သော မနက်ခင်း
နေ့လည်စာစားချိန်
ညနေအိမ်ပြန်လမ်းတွေ
နေ့ရက်တွေက ကိုယ့်ကိုယ်တောင်မသိလိုက်ပါပဲ
Chanyeol အသားကျလာခဲ့သည်။
ညတိုင်းရောက်လာတတ်တဲ့ goodnight ဆိုတဲ့
စာတစ်စောင် အချိန်မှန်ရောက်မလာခဲ့ရင်
ဖုန်းကိုအရှေ့မှာချပြီးထိုင်စောင့်တတ်နေပြီ
ညနေတိုင်းကျောင်းအတူပြန်ဖို့
ရပ်စောင့်နေတတ်သော ကျောင်းရှေ့ကသစ်ပင်ကြီးအောက်မှာ baekhyunကိုမတွေ့ရလျှင်
မနေတတ်မထိုင်တတ်တွေ ခံစားနေရပြီ
အမြဲတမ်း ပြုံးပြတတ်သူ၏မျက်နှာလေးကို
တစ်စိမ့်စိမ့်ငေးရင်း အေးမြနေခဲ့၏
ကိုယ့်ကိုယ်ကိုယ်တောင်မသိလိုက်ပါပဲ
ကျွန်တော်ဟာ ဆွဲဆောင်ခံလိုက်ရပြီ
ဒီနေ့ကျောင်းမှာဘောလုံးပြိုင်ပွဲရှိသည်။
baekhyunဝင်ရောက်ယှဉ်ပြိုင်သည်။
တကယ်ဆို ကျွန်တော်လည်းအတူဝင်ကစားဖို့လုပ်ထားပေမယ့်လွန်ခဲ့တဲ့ တစ်ပတ်က
စက်ဘီးမှောက်ရာမှခြေထောက်
ထိခိုက်မိထားတာကြောင့်
အသင်းမှခေတ္တအနားယူထားရတာဖြစ်သည်
တစ်ကျောင်းလုံးကကျောင်းသားတွေအားလုံးစုဝေးနေသော ဘောလုံးကွင်းကြီးထဲမှာ
ကောင်မလေးတစ်ယောက်က Baekhyunအား
ချစ်ရေးဆိုခဲ့သည်
Part 2
Start from the beginning
