Baekhyun သည် chanyeol ကို
အပြုံးရေးရေးနဲ့ငေးသည်။
ထိုအပြုံးနဲ့လိုက်ဖက်နေသောအကြည့်တွေက
မရိုးမရွဖြစ်စေလွန်းလို့ chanyeol
မတ်တပ်ထရတော့၏
" ငါသွားနှင့်မယ် "
baekhyun ယူထားသော စာအုပ်ကိုနောက်နေ့မှတောင်းမယ်လို့သာတွေးလိုက်သည်
ဘာပဲဖြစ်ဖြစ် အခုဒီနေရာမှာဆက်မနေချင်တော့တာက အဓိကဖြစ်သည်။
ဘေးချထားသော လွယ်အိတ်ကို ကောက်လွယ်ပြီး
လှည့်ထွက်ဖို့ပြင်တဲ့အခါ
chanyeol ၏ညာဘက်လက်ကောက်ဝတ်
လှမ်းဆွဲခံလိုက်ရသည်
ကျောင်းဆင်းသွားပြီမို့ အတန်းထဲမှာ
သူတို့နှစ်ယောက်နဲ့ ဖြာကျနေသော
နေရောင်ခြည်သာရှိ၏
ပြတင်းပေါက်အပြင်က မြင်ကွင်းတွင်တော့
ဆိုဘယ်လ်သစ်ရွက်များရှိသည်
တကယ်တော့ baekhyun အိပ်ရာမှနိူးမလာခင်
ကတည်းက အတန်းထဲမှာဘယ်သူမှ
မရှိတော့ခြင်းဖြစ်သည်။
လက်ကောက်ဝတ်ကို ဆွဲထားသော်လည်း
စကားတစ်ခွန်းမှမပြော။
အဓိပ္ပာယ်မျိုးစုံပြည့်နေတဲ့အကြည့်တွေနဲ့သာ မော့ကြည့်နေသူကို ငေးရင်း
chanyeol ရင်ထဲမှာ အမျိုးအမည်မသိသည့်
သွေးခုန်နှုန်းတွေကိုခံစားရ၏
" တော့ပိုကီဝယ်ကျွေး "
Baekhyun ၏ အစမရှိ အဆုံးမရှိသောစကားကို
ကြားရတော့မှ chanyeol သည်
လက်ကောက်ဝတ်ကိုပြန်ဆွဲယူလိုက်သည်။
ထို့နောက် baekhyun လက်ထဲက စာအုပ်ကိုပါ
အမြန်လှမ်းယူလိုက်၏
baekhyun သည် chanyeol အား ငြိမ်သက်စွာငေးနေလျက်ရှိသည်
" အဲ့လိုတွေ မကြည့်နဲ့ငါ့ကောင်ရာ
စိတ်ကုန်တယ် "
ပြောရင်းထထွက်လာတဲ့အခါ
baekhyun သည်သူ့လွယ်အိတ်သူပြေးယူရင်း
အနောက်မှ ပြေးလိုက်လာသည်။
" ကျွေးမှာလား တော့ပိုကီ "
" မနေ့က ဂိမ်းငါနိူင်တာလေ
မင်းကျွေးရမှာ "
" မနေ့က ဖိနပ်ဝယ်လိုက်လို့ပိုက်ဆံမရှိတော့ဘူး
ဒီနေ့မင်းကျွေးလိုက်
ငါနောက်နေ့ကြက်ကြော်ကျွေးမယ် "
" အေး မင်းပြောတာနော်
ဖိနပ် ကဘာဝယ်တာလဲ "
" ပြမယ်
nike က အသစ်ထွက်တဲ့အပြာရောင်
သိတယ်မလား online မှာ hot နေတယ် "
Part 2
Start from the beginning
