ပြန်မပေးနိူင်တဲ့မေတ္တာကမ်းလှမ်းမှုကို
စိတ်ရှင်းရှင်းနဲ့ငြင်းလိုက်ချင်သော်လည်း
Baekhyun သည်ကျွန်တော်ထင်ထားတာထပ်
အများကြီးလေးနက်နေခဲ့သည်။
အပြုအမူတွေကိုဘေးတွင်ခဏထားပါ။
ကျွန်တော့်ကိုကြည့်သောအကြည့်တွေနဲ့တင်
ချစ်ခြင်းမေတ္တာတွေကိုခံစားလို့ရတဲ့အထိ
baekhyunဘက်ကစစ်မှန်နေခဲ့သည်
ဘယ်လိုစိတ်နဲ့အပြတ်ငြင်းနိူင်မည်နည်း။
ကျွန်တော်သည်
ငြင်းပယ်မှုကြောင့်မျက်နှာတွေပျက်ရပြီး
ဆက်ဆံရေးတွေပြတ်တောက်သွားထပ်
ဒီလိုအခြေအနေအတိုင်းသူငယ်ချင်းလိုဆက်ဆံရေးအတိုင်း ရှေ့ဆက်မတိုးပဲထိန်းထားတာ
အဆင်ပြေမည်ဆိုပြီး ရိုးရှင်းစွာတွေးခဲ့သည်
သို့သော် ...
နေရောင်ခြည်နွေးနွေးအောက်မှာ
အိပ်မောကျနေသူကဖြည်းဖြည်းချင်း
မျက်လုံးဖွင့်ကြည့်လာတာကြောင့်
chanyeol သည်သတိလက်လွတ်ငေးနေမိသောအကြည့်တွေကိုအမြန်လွှဲဖယ်ကာ
စားပွဲပေါ်က စာအုပ်တွေကိုအလျှင်
အမြန်သိမ်းမိသည်။
ဘာကြောင့်မှန်းမသိ
ရင်ထဲမှာ ဒုန်းခနဲတုန်ယင်လို့သွား၏။
အနားကို တရွေ့ရွေ့လျှောက်လာသော
အရိပ်လေးကို မျက်လုံးထောင့်မှမြင်နေရသည်။
chanyeol လှည့်မကြည့်ပဲ စာအုပ်တွေကိုသာ
အမြန်သိမ်းနေသောအခါ baekhyun သည်
စားပွဲပေါ်က နောက်ဆုံးကျန်ခဲ့သော စာအုပ်လေးကို
လှမ်းယူလိုက်သည်။
ထို့နောက်တွင် chanyeol ၏စာရေးစားပွဲခုံကို
အနောက်ကိုဆွဲယူကာ တင်ပါးလွှဲထိုင်၏။
Baekhyun က အမြင့်တွင်ထိုင်နေတာကြောင့်
chanyeol သည်မော့ကြည့်လိုက်ရသည့်
အနေအထားဖြစ်သည်
Baekhyun မျက်နှာသည်ပြုံးစိစိ။
အမြဲတမ်း chanyeol ကို စချင်လာတိုင်း
ဒီလိုမျက်နှာထားမျိုးပဲဖြစ်သည်။
" စာအုပ်ပြန်ပေး "
လက်ထဲကစာအုပ်ကိုလှမ်းယူမယ်လုပ်တဲ့အခါ
အနောက်ကိုအနည်းငယ်စောင်း၍ရှောင်သည်
" အေးဆေးပေါ့ မင်းကလည်း"
" မင်းငါ့ကို ပေါက်ကရတွေပြောတော့မှာငါသိတယ်"
Part 2
Start from the beginning
