"အင်း ယူမယ်လေ"

"ကျွန်တော် ဒီနေရာလေးကို သဘောကျတယ်
များသောအားဖြင့် ခရီးသွားရင် မြို့ပြလို လှတဲ့နေရာကိုပဲ လူတွေက စိတ်ဝင်စားကြတာလေ
ဒီနေရာလေးက ဒေသရဲ့လူနေမှုပုံစံအစစ်ပဲ"

"ကိုယ်ကတော့ ချာတိတ်ကို သဘောကျတယ်"

"ရေပေါ်သစ်သီးဈေးရော ပို့ပေးမှာမလား အစ်ကို"

ချန်ယောလ်စကားကို မသိချင်ယောင်ဆောင်ပြီး ဂိုက်လုပ်ပေးတဲ့သူကို လှမ်းမေးနေသည်။ သူစိတ်ဝင်စားတဲ့အစားအသောက်တွေနဲ့ ယှဉ်လိုက်ရင် ချန်ယောလ်က အမြဲနောက်မှာသာရောက်နေသည်။ အဖြေရပြီးမှအစားအသောက်ထက် ပိုပြီးဦးစားပေးအောင် ကြိုးစားရမည်။

"Private boat နဲ့ သွားပြီး စုရပ်ပြန်ရောက်ရင် အပြန်ကျ ရေပေါ်ဈေးဘက်ကို ပို့ပေးမှာပါ"

"အသီးတွေ အရမ်းလတ်တယ်ဆို ဟုတ်လား"

"ဒီဘက်က မြေဩဇာကောင်းပြီး ဒေသထွက်ဆိုတော့ တအားလတ်တယ်
နိုင်ငံခြားက သွင်းတဲ့ကြိုက်တဲ့အမျိုးအစားနဲ့ယှဉ်ရဲအောင်ကို လတ်တာ
အနံ့ အရသာ အရောင် ပြောစရာကိုမလိုဘူး
ဝယ်သွားချင်ရင် များများဝယ်သွား ဈေးလည်းသင့်တယ်"

"ဝယ်တော့ မသွားတော့ပါဘူး ကျွန်တော်တို့က ဘယ်လောက်ကြာမလဲမသိဘူး
နည်းနည်းတော့ဝယ်စားမယ်"

ပင်မမြစ်ကြောကို သင်္ဘောနဲ့ အတူတူသွားကြပြီးနောက် မြစ်လက်တက်တွေခွဲတော့ private boat တွေနဲ့ သွားကြသည်။ စိမ်းစိုသောသစ်ပင်များ အုပ်ဆိုင်းနေသော မြစ်လက်တက်ကျဉ်းလေးတွေက အေးချမ်းပြီး ဒေသအငွေ့အသက်အပြည့်ပင်။ လမ်းခရီးသိပ်မရှည်သော်လည်း လှေနဲ့သွားရသောကြောင့် အချိန်ကြာကြာယူရသည်။
ခရီးဆုံးခါနီးကျတော့ ရေပေါ်သစ်သီးဈေးကို ပို့ပေးသည်။ ဂိုက် အစ်ကိုပြောပြသလို အသီးတွေကလတ်လည်းလတ် တန်လည်းတန်ပါသည်။ အများကြီးမဝယ်ချင်တဲ့ ချန်ယောလ်နဲ့ ချာတိတ်ကတော့ နာနတ်သီး နဲ့ ဖရဲသီးတို့လို လွယ်လွယ်စားလို့ရတာမျိုးသာဝယ်စားဖြစ်သည်။

ရေကြောင်းလေ့လာရေးပြီးသွားတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် တည်းခိုသည့်နေရာသို့ပြန်ခဲ့သည်။ နေ့လည်စာကို အနီးအနားမှာစားပြီး ညနေကျမှ ချာတိတ်သွားချင်သည့် အစားအသောက်လုပ်တဲ့နေရာ လိုက်ပို့ရမည်ဖြစ်သည်။

BLOGGERWhere stories live. Discover now