Part 2

361 62 8
                                    

BLOGGER
- Part 2 -

"ချန်ယောလ် သူက အစ်ကို့ ညီဝမ်းကွဲလေး
မောင်နှမတွေထဲမှာ အငယ်ဆုံးလေ ဂျောင်ဆူးတဲ့...
ဂျောင်လေး... သူက ချန်ယောလ်လေ"

"သိသားပဲ Blog ရေးတာကောင်းလို့ လူယဉ်ကျေးထင်နေခဲ့တာ
အခုကျ အထင်နဲ့အမြင်များတစ်ခြားစီပဲ"

"ဘာ.. မင်း ငါ့ရုံးခန်းကိုလာပြီး စော်ကားနေတာလား"

"ကျွန်တော့်ကို သူငယ်နာမစင်ဘူး ဘာညာပြောတာဘယ်သူလဲ"

"ဒါတော့ မင်းရုပ်မင်းမှန်ပြန်ကြည့်လေ"

"ဂျွန်... ကျွန်တော် ဒီလူနဲ့အလုပ်မလုပ်နိုင်ဘူး"

"ငါကရော မင်းကိုအလုပ်ခန့်မယ်ထင်လို့လား
ကျောင်းသာပြီးအောင်တက်စမ်းပါ"

ရန်ဖြစ်နေတဲ့ကြား မျက်နှာငယ်နေရတဲ့ ဂျွန်မြောင်က ရန်ပွဲပိုကြီးမလာခင် အမြန်တားရသည်။

"ကဲ ခဏနေကြပါဦး
အစ်ကိုပြောတာနားထောင်ကြဦး
ချန်ယောလ်.. မင်းကလည်း အကြီးပဲ ခဏသည်းခံ
ဂျောင်လေး..အကြီးကိုပြန်မပြောရဘူးလို့ ပြောပြထားတယ်လေ"

ဂျွန်မြောင် ဝင်ထိန်းလိုက်တော့ နှစ်ယောက်လုံး ငြိမ်သွားသော်လည်း ကျေနပ်သည့်ပုံတော့ မပေါ်ကြပါ။
ဂျောင်ဆူးက စားပွဲပေါ် နို့ဗူးလေးကို ထောက်ခနဲ စောင့်တင်လိုက်ပြီး လက်ကလေးတွေကို ဟူဒီအိတ်ထဲထိုးထည့်လိုက်သည်။
ချန်ယောလ်ကလည်း ခုနက ဒူးပေါ် တံတောင်တင်ပြီး အရှေ့တိုးပြောနေရာက လက်ကိုပိုက်ပြီး နောက်ဆုတ်ထိုင်လိုက်သည်။

"ဂျောင်လေးက အထက်တန်းပြီးပြီးသား ချန်ယောလ်
အခုကတော့ ကလေးက ဟိုနိုင်ငံသွားနေရ ဒီနိုင်ငံသွားနေရဆိုတော့ Higher Education အတွက် Online Course ပဲယူထားရတယ်
အသက်က ၂၀ ရှိပြီဆိုတော့ ချန်ယောလ် အလုပ်ခန့်ဖို့ အဆင်ပြေပါတယ်
ဂျောင်လေးက ဘာသာစကားလည်းကျွမ်းတယ် နိုင်ငံတကာသွားလာတဲ့အတွေ့အကြုံလည်းရှိတယ်
ချန်ယောလ် အမြန်လိုချင်တယ်ဆိုလို့ ကလေးလည်းရောက်နေတာနဲ့ ခေါ်လာပေးတာ
အစ်ကိုလည်း ကလေးရဲ့ပထမဆုံးအလုပ်ဆိုတော့ အဆင်ပြေပြေလေးပြီးသွားစေချင်တယ်ကွာ
အဆင်မပြေလောက်ရင်တော့ မလုပ်စေချင်ဘူး
ကလေးကို အတွေ့အကြုံရစေချင်လို့ လုပ်စေချင်ပေမဲ့ ဒီကလေးက အစ်ကိုတို့ အမျိုးတွေအားလုံးရဲ့ အသည်းလေးမို့
သူစိတ်ညစ်စေမဲ့ကိစ္စဆိုရင်တော့ အစ်ကိုက ခွင့်မပြုဘူး"

BLOGGERМесто, где живут истории. Откройте их для себя