Part 10

349 61 10
                                    

BLOGGER
- Part 10 -

ရိဖန်က ဆိုးလ်မှာ ၃ ရက်လောက်ပဲနေပြီးနောက် ရှန်ဟိုင်းကို ပြန်သွားသည်။ သူပြောခဲ့သည့်အတိုင်း ဂျောင်လေးကိုပါ တစ်ခါတည်းခေါ်သွားသည်။ ဟိုကလေးကလည်း လိုက်သွားတာများ ကော့နေတာပဲ။ ဂျွန်မြောင်ကို စာမေးပွဲပြီးတာနဲ့ပြန်လာခဲ့မယ်ပြောပေမဲ့ ရိဖန်ဆီရောက်သွားပြီးရင် တော်တော်နဲ့ပြန်မလာတတ်တာ ဂျွန်မြောင်အသိပင်။

ခေါ်တဲ့သူကခေါ်ပြီး လိုက်တဲ့သူက လိုက်သွားပေမဲ့ သူ့နေရာသူကျန်ခဲ့ပြီး ဒုက္ခရောက်နေရတာက ဂျွန်မြောင်ဖြစ်သည်။ မနက်အလုပ်သွားတာနဲ့ Agency က ရုံးခန်းထဲမှာ ကြိုရောက်နေတတ်သော ချန်ယောလ်ကိုလည်း ဂျွန်မြောင်အပါအဝင် ဝန်ထမ်းတွေက အထူးအထွေ အံ့ဩမနေကြတော့။

"လာပြန်ပြီလား ချန်ယောလ်"

"အစ်ကို ချာတိတ်ဘယ်တော့ပြန်ရောက်မှာလဲ"

"စာမေးပွဲပြီးရင်လို့ပြောတာပဲလေ"

"စာမေးပွဲက နောက်တစ်ပတ်ဆိုပြီးပြီနော်"

"အင်း ကလေးပြောတဲ့ရက်ကတော့ နောက်တစ်ပတ်ပဲ"

"ဒါဆို ပြန်လာတော့မှာပေါ့"

"ချန်ယောလ်ရေ.. ကလေးကအစကတည်းက အဲ့လို ဟိုသွားဒီသွားနေတဲ့ကလေး
အခုရှန်ဟိုင်းမှာနေပေမဲ့ နောက်တစ်ပတ် ကနေဒါရောက်ရင်ရောက်တာ
အစ်ကိုလည်း သေချာတော့မသိဘူး... ရိဖန်သွားတဲ့နောက် လျောက်လိုက်ရင်လိုက်နေသေးတာ"

"ကျွန်တော်ကလွမ်းလှပြီ..."

မျက်နှာမကောင်းပဲ ပြောပြန်တော့လည်း ဂျွန်မြောင်က စိတ်မကောင်းဖြစ်ရသည်။ ဒါပေမဲ့ ဂျွန်က ဘာတတ်နိုင်မှာလဲ။ ကလေးကမှမလွမ်းတဲ့ကိစ္စကို။

"ချန်ယောလ် အစ်ကို့ဆီနေ့တိုင်းမလာပါနဲ့
ကလေးနဲ့ပတ်သက်တာ သိချင်ရင်လည်းဖုန်းဆက်ပြီးမေး
ဝန်ထမ်းတွေက တစ်မျိုးတွေထင်နေကြပြီ"

"ဘယ်သူ့ဂရုစိုက်နေရမှာလဲ အစ်ကိုရာ"

"မင်းကရည်းစားမရှိသေးပေမဲ့ ငါ့မှာရည်းစားရှိတယ်လေ
ရှင်း ကလည်း သတင်းတွေကြားပြီး စိတ်မချဖြစ်လို့ ညက စကားများသေးတယ်"

BLOGGERWhere stories live. Discover now