Part 7

291 58 6
                                    

BLOGGER
- Part 7 -

Khao Yai Nationl Park မှာ သဘာဝခရီးသွားအစီအစဉ်ကို ယူထားသောကြောင့် မနက်စောစော ထပြီး သွားရန်ပြင်ဆင်ရသည်။ မနက် ၇ နာရီခွဲ tour ferry နှင့် တည်းခိုခန်းကို လာကြိုမည်ဖြစ်သောကြောင့် ချန်ယောလ်က မနက် ၅ နာရီခွဲလောက် ထ ကာ လိုအပ်သည့် ဆေးဝါး ကင်မရာ အသုံးအဆောင်များ ပြန်စစ်ဆေးရသည်။ နံနက် ၈ နာရီမှ ည ၈ နာရီကျော် ၉ နာရီလောက်အထိ တစ်နေကုန်သွားရမည့်ခရီးဆိုတော့ ဗိုက်ဆာတတ်တဲ့ကောင်လေးအတွက် မုန့်များလည်း ထည့်ရသေးသည်။

အချိန်မရွေးရာသီဥတုပြောင်းသွားနိုင်သည့် တောတွင်းနေရာဖြစ်သောကြောင့် မိုးကာအပါးများ၊ ဘောင်းဘီရှည်အပို၊ အနွေးထည်အပါး၊ အရေးပေါ်ဆေးဝါး၊ နေလောင်ကာ ခရင်မ်၊ ရေဗူးတို့ကို အိတ်နှစ်အိတ် ဆင်တူပြင်ထားလိုက်သည်။

အကုန်ပြင်ဆင်ပြီးတော့မှ အအိပ်မက်တဲ့ ချာတိတ်ကို နှိုးပြီးရေချိုးဖို့ပြောရသည်။ လူအများနှင့် သွားရမည့်ခရီးဆိုတော့ ကိုယ့်ကို သူများစောင့်နေရတာမျိုး မဖြစ်အောင် စောစောပြီးထားဖို့လိုသည်။

"ယောလ် ကျွန်တော် ဘာတွေပြင်ပေးဖို့လိုသေးလဲ"

"မလိုတော့ဘူး ချာတိတ်
ချာတိတ်ရေးထားတဲ့စာရင်းအတိုင်း ကိုယ်စုံအောင်ထည့်ထားတယ်
အောက်ထပ်မှာ မနက်စာဆင်းစားရအောင် ဗိုက်ဆာနေပြီမလား"

"အင်း သွားကြမယ်"

နှစ်ဦးသား ကျောပိုးအိတ်ကိုယ်စီ ကင်မရာကိုယ်စီနှင့် အခန်းထဲကထွက်ခဲ့ပြီးတည်းခိုခန်းအောက်က ဆိုင်မှာပင် မနက်စာစားလိုက်ကြသည်။

Tour ferry က ၇ နာရီခွဲအတိမှာရောက်လာပြီး ဖယ်ရီကားနှင့် မြက်ခင်းစိမ်းများ မြေပြန့်သော တောအုပ်ငယ်များကို ဖြတ်သန်းလာကြသည်။ ချာတိတ်လေးက ကားပေါ်မှာ တောက်လျှောက် ဗီဒီယိုရိုက်ရင်းလိုက်ပါလာသလို ချန်ယောလ်ကလည်း ဓာတ်ပုံမှတ်တမ်းများ ယူထားသည်။

Hiking point ကိုရောက်တော့မှ ကားရပ်လိုက်ပြီး hiking စ တော့မည်ဖြစ်ကြောင်းနှင့် လမ်းခရီးအခြေအနေကိုပြောပြသည်။ တောကောင်ပေါင်းစုံရှိနိုင်သောကြောင့် မျှော့တွေ ကျွတ်တွေ မတွယ်အောင် ကာကွယ်သည့် ခြေအိတ်များလည်း ပေးသည်။

BLOGGERWhere stories live. Discover now