အိုး နိုး ပြီးတော့ ဒီဆံပင်အနီရောင်ကလည်း ရုပ်မြင်သံကြားအစီအစဥ်အတွက်မသင့်လျော်ဘူး။

ဒုတိယအကြိမ်ပြန်မတွေးတော့ဘဲ ရှန်ကျင်းထျန် ကtattooဆိုင်ကိုသွားခဲ့တယ်။

"မင်းအဲ့ဒါကိုပြန်ဖျက်ချင်တယ်ဆိုတာသေချာရဲ့လား?"
ချောမောတဲ့တက်တူးဆရာကအကြိမ်ကြမ်မေးခဲ့တယ်။

ရှန်ကျင်းထျန်: "ဟုတ်တယ် ကျွန်တော်သေချာတယ်"

သူ့မျက်နှာကိုဆေးကြောလိုက်တယ်။ မိတ်ကပ်မပါရင် သူ့မျက်နှာက စတိတ်စင်ပေါ်မှာရှိတဲ့ သူ့ရဲ့ချောမောပြီးတော့ ဆွဲဆောင်မှုရှိတဲ့အသွင်အပြင်ကနေ တော်တော်ကွာခြားတယ်။ ချောမောတဲ့တက်တူးဆရာက သူ့ကိုမှတ်မိသွားပြီးတော့ မေးနေတုန်းဘဲ။ "Hey မင်းက ရှန်ကျင်းထျန် လား?" သူကသိပ်မသေချာလို့ အသံကနည်းနည်း မရေမရာဖြစ်နေတယ် ရှန်ကျင်းထျန် ကဘယ်လိုလုပ်ဒီလိုလမ်းဘေးကဆိုင်ငယ်လေးဆီလာတာလဲ? သူကနာမည်ကြီးကြယ်ပွင့်မဟုတ်ဘူးလား?

ရှန်ကျင်းထျန် နောက်တစ်ခါ သူ့ရဲ့နာမည်ကြီးမှုရဲ့ အရှိန်အဝါကိုခံစားလိုက်ရတယ်။

နှစ်တွေအများကြီး ဇွဲရှိရှိအလုပ်လုပ်ခဲ့ပြီးတော့ နာမည်မကျော်ကျန်ခဲ့တဲ့ လူသစ်သရုပ်ဆောင်အနေနဲ့ ဒီလိုအတွေ့အကြုံမျိုးက ချဥ်ဖို့ကောင်းပြီး သစ်လွင်လတ်ဆတ်နေတယ်။

မင်းကဖျော်ဖြေရေးနယ်ပယ်ထဲမှာ အမေ့ပျောက်ခံရမှာမကြောက်ဘူးဆိုရင် ဒါဆိုမင်းကနာမည်ကျော်ကြားတာကိုလည်းမကြောက်ဘူး။

"ကျွန်တော် ဟုတ်ပါတယ် " ရှန်ကျင်းထျန်ကပြောလိုက်တယ်။

တက်တူးဆရာကနည်းနည်း စိတ်လှုပ်ရှားလာခဲ့တယ်။

"မင်းဓာတ်ပုံလိုချင်လား?"
ရှန်ကျင်းထျန်က အရင်မေးလိုက်တယ်။

တက်တူးအကိုကြီးက ခေါင်းကိုမြန်မြန်ညိမ့်လိုက်ပြီးတော့ သူ့ဖုန်းကို မြန်မြန်ထုတ်လိုက်တယ်။ "ငါ့ကောင်မလေးက မင်းကိုအရမ်းကြိုက်ခဲ့တယ်"

 မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Translation )Where stories live. Discover now