Chapter(330) - မောက်မောက်အား အသုံးချခြင်း

Start from the beginning
                                    

လင်ရွှမ်းဇီက ယန်ထျန်းဟန်ရဲ့ ခေါင်းလေးအား သပ်ပေးလိုက်သည်။

"မင်းကဘာအင်အားမှ မပေးနိုင်ဘူးလို့ ဘယ်သူပြောလဲ? အဲ့ဒီအရာတွေက ရှုပ်ရှက်ခက်ပြီး အချိန်ကုန်လွန်းတယ် ဒါပေမဲ့ နည်းပညာပိုင်းအရ အရမ်းမြင့်မားနေတာမျိုး မဟုတ်ပါဘူး, ငါကမင်းကို အဲ့ဒီလိုအရာတွေလောက်နဲ့ အနှောင့်အယှက် မပေးချင်လို့, ဒါပေမဲ့ အဲ့ဒီပိုင်ဆိုင်မှုတွေက အလင်းထဲမှာ ရှိနေတဲ့ အရာလောက်ပဲလေ, အမှောင်ထဲမှာရှိတဲ့ ငါတို့ရဲ့ တစ်ခြားစီးပွားရေးတွေကိုလည်း စီစဉ်ရဦးမှာ, အဲ့ဒီအချိန်ရောက်ရင် ငါကမင်းကို အဲ့ဒီကိစ္စတွေ ကိုင်တွယ်စေချင်တာ"

ယန်ထျန်းဟန်က အာရုံပြန်ရလာပြီး လင်ရွှမ်းဇီအား လောင်ကျွမ်းနေသည့် မျက်လုံးလေးများဖြင့် စိုက်ကြည့်လာသည်။

"အမှောင်ထဲက အဲ့ဒီလုပ်ငန်းတွေကဘာလဲ?"

"ဥပမာအားဖြင့် အချက်အလက်တွေ စုဆောင်းတာ၊ တာဝန်တွေ လက်ခံတာ စသဖြင့်ပေါ့" လင်ရွှမ်းဇီကရှင်းပြသည်။

ယန်ထျန်းဟန်ရဲ့ မျက်လုံးများကတော့ တောက်ပလာရလေသည်။

"နားထောင်သလောက်တော့ တော်တော်လေးကို နည်းပညာပိုင်းပဲ"

လင်ရွှမ်းဇီက ခေါင်းညိတ်ပြသည်။

"သေချာပေါက်ပဲလေ"

ယန်ထျန်းဟန်ကချက်ချင်းပင် ပျော်ရွှင်သွားတော့လေသည်။

"ကြည့်ရတာ အကိုကြီးရဲ့ နှလုံးသားထဲမှာ ကျွန်တော်က ဒီလိုအဆင့်မြင့် ကိစ္စတွေကိုပဲ ဖြေရှင်းဖို့ သင့်တော်တဲ့ ဉာဏ်ကောင်းတဲ့ လူတစ်ယောက် ဖြစ်နေခဲ့တာပဲ, ကျွန်တော်အကိုကြီးကို နားလည်မှု လွဲသွားမိတယ်"

လင်ရွှမ်းဇီ, "..."

မင်းပျော်နေသ၍ပေါ့ကွာ

ယန်ထျန်းဟန်က  ရုတ်တရက် စိတ်လှုပ်ရှားသွားလေသည်။

"အချက်အလက်တွေ စုဆောင်းတယ်ဆိုမှ မောက်မောက်က အထူးသဖြင့် အလားအလာ ရှိတယ်သိလား, သူက ငှက်တွေရဲ့ဘာသာစကားကို နားလည်တဲ့အပြင် ငှက်ဘုရင်လည်း ဖြစ်နေသေးတယ်, သူပြောတာတော့ နယ်မြေကြီးကိုးခုမှာ ရှိတုန်းကဆိုရင် ကမ္ဘာပေါ်က သတင်းအချက်အလက်တွေ အားလုံးကို ထိန်းချုပ်နိုင်ခဲ့တယ်တဲ့, အခုချိန်မှာ သူမလုပ်နိုင်သေးပေမယ့်လည်း ငှက်တွေရဲ့ စကားကိုတော့ နားလည်နေဆဲပဲ....အိုး, ပြီးတော့ အပျော်ဂေဟာတွေကလည်း သတင်းအချက်အလက်တွေ စုဆောင်းဖို့အတွက် ကောင်းတဲ့နေရာလို့ ထင်မိတယ်, ကျွန်တော်နားထောင်ခဲ့ရသမျှ ဇာတ်လမ်းတွေမှာဆိုရင် ကောလဟာလတွေ အများကြီး ပေါက်ကြားထားတာတွေ ပါတယ်, အဲ့ဒီတော့ ကျွန်တော်တို့တွေ အပျော်ဂေဟာတစ်ခုလောက် ဖွင့်ရင်ရောဘယ်လိုလဲ?"

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now