ထို့နောက်ကုရှီးယွီက ဖုန်းပိတ်လိုက်ကာ
"ဟိုတခါကခင်ဗျားပြောတော့ ကုမ္ပဏီကသူလျှိုအကြောင်းစစ်ဆေးတာ ၂ပတ်ပဲကြာမယ်ဆို။
စုံစမ်းတဲ့ရလဒ်ထွက်လာပီလား"
ကျီချင်ကသူ့ကိုမကြည့်ဘဲ
"ကိုယ်ဌာနခွဲကိုမေးထားတယ်၊အဲ့ကိစ္စကရှုပ်တော့ ရက်နဲနဲလောက်အချိန်ယူရဦးမယ်တဲ့။မစိုးရိမ်ပါနဲ့"
ကုရှီးယွီဘာမှပြောမလာတော့ ကျီချင်ကသူစိတ်ပျက်သွားတယ်ထင်ပီး စိုးရိမ်သွားကာ
"မင်းအရင်တခေါက်ကရှာခိုင်းထားတဲ့လူ ကိုယ်ရှာတွေ့ပီ။
အချက်အလက်တွေကို မင်းဆီmailပို့ဖို့ကိုယ် ကျင်းခဲ့ကိုပြောထားပီးပီ။
မင်းတချက်သွားကြည့်လိုက်၊ပီးတော့ ပရင့်ထုတ်ချင်လည်းရတယ်"
ပီးမှကျီချင်က ခဏရပ်သွားပီး
"မင်းမိဘတွေကိုလည်းပြလိုက်ပေါ့"

ကျီချင်ကအဲ့လူအကြောင်းအသေးစိတ်စုံစမ်းခဲ့တာကိုမေးနေစရာပင်မလိုတော့။
မူလပိုင်ရှင်နဲ့သူ့မိဘတွေရဲ့ဆက်ဆံရေးဆိုး၀ါးနေတာ ကျီချင်သိလောက်တယ်။
အဲ့ရှေ့ဖြစ်ဟောသူရဲ့ ကုရှီးယွီအကိုကကုရှီးယွီရဲ့ကံညံ့မှုကြောင့်သေခဲ့ရတာဆိုတဲ့အလိမ်အညာစကားကြောင့် သူ့မိဘတွေနဲ့ဆက်ဆံရေးဆိုး၀ါးခြင်းအကြောင်းရင်းအစဖြစ်လာသည်။
"အဲ့လူက မနှစ်ကလိမ်လည်မှုနဲ့တရားရုံးကိုရောက်တယ်။
အပြစ်ရှိတယ်လို့အမိန့်ကျပီးအခုထောင်ကျနေတယ်။
မင်းမိဘတွေနဲ့အတူအဲ့လူကိုသွားတွေ့ချင်ရင် ကိုယ်စီစဥ်ပေးလို့ရတယ်"
ကျီချင်ကထိုသို့ထပ်ပြောလာသည်။
ကုရှီးယွီကလည်းလေးလေးနက်နက်နဲ့ပဲ
"အင်း ကျေးဇူးတင်ပါတယ်"

ကုရှီးယွီအခန်းထဲရောက်လို့Laptopဖွင့်လိုက်ရာ mail၀င်လာသည်။
ကျင်းခဲ့ပို့ထားတဲ့mailလို့ထင်ကာဖွင့်ကြည့်လိုက်ပေမယ့် ကြော်ညာAdsကြီးဖြစ်နေတော့ဘာမှလည်းထွေထွေထူးထူးမဟုတ်တာနဲ့ ဖျက်လိုက်သည်။
နောက်တော့မှ ဖိုင်တခုတွေ့လို့ဖွင့်လိုက်ရာလွန်ခဲ့တဲ့၁နာရီလောက်ကတည်းက ကျင်းခဲ့ပို့လိုက်တဲ့mailဖြစ်နေသည်။
Mailထဲမှာတော့ထိုရှေ့ဖြစ်ဟောသူလူလိမ်ရဲ့ မိသားစုနောက်ခံ အစရှိတဲ့အချက်အလက်တွေအကုန်ရှိနေသည်။
သူလိမ်ခဲ့တဲ့မိသားစုတွေနဲ့အကြောင်းအရာအသေးစိတ်တွေတောင် တိတိကျကျရေးထားသည်။
ကုရှီးယွီကတော့ ကျီချင်ကအဲ့လောက်စေ့စေ့စပ်စပ်ခရေစေ့တွင်းကျစုံစမ်းထားလိမ့်မယ်လို့မထင်ထားပေ။
အိမ်း ကျီဇီရွှမ်ရဲ့ရှေ့ရေးဘာလို့ခက်ခဲနေတယ်ဆိုတာ တွေးကြည့်စရာမလိုတော့ပေ။

ဗီလိန်ကငါ့Systemကို၀င်စီးသွားတယ်{မြန်မာဘာသာပြန်}Where stories live. Discover now