"ကော... ဒါက...."

"ကလေး ပျော်မယ်ထင်လို့ ကော စီစဉ်ပေးထားတာ"

🌏

ပြောထားတဲ့အချိန်တစ်လက ပြည့်ပြီ။ စာမေးပွဲပြီးတဲ့ရက်ကလည်း ကျော်သွားပြီ။ အခုထိပြန်မရောက်လာသေးတဲ့ ချာတိတ်ကြောင့် ချန်ယောလ်က ရှန်ဟိုင်းအထိ လိုက်သွားဖို့ ဆုံးဖြတ်လိုက်သည်။

ဂျွန်မြောင်ကလည်း အလုပ်ကိုနေ့တိုင်းမလာပါနဲ့ဆိုတော့ ချန်ယောလ်က အားနာပြီး မသွားဖြစ်တာ ၃ ရက်လောက်တော့ရှိပြီ။ ကိုယ့်ကြောင့် သူများအတွဲ ပြဿနာမဖြစ်စေလိုပါ။
အစကတည်းက အချစ်ရေးက မဆုံခင်ဝေးနေရပါတယ်ဆို ဝဋ်လည်တာမျိုးလည်း အဖြစ်မခံနိုင်တော့ သွားချင်ပေမဲ့ ကျိတ်မှိတ်နေရသည်။

ဒီနေ့တော့ ချန်ယောလ်က ရှန်ဟိုင်းက ချာတိတ်အိမ်လိပ်စာကို မေးချင်သောကြောင့် ဂျွန်မြောင့်ကို အားနာနာနဲ့ပဲ အေဂျင်စီကို လာခဲ့လိုက်သည်။ အောက်ထပ်က ဝန်ထမ်းတွေကို မသိသလိုလုပ်ကာ အပေါ်ထပ် ရုံးခန်းထဲပဲတန်းဝင်ခဲ့သည်။ ခုံကို အပေါက်ဝဘက်နောက်ကျောပေးထိုင်နေသည့် ဂျွန်မြောင်က တံခါးဖွင့်သံကြားတာတောင် လှည့်ကြည့်ဖော်မရပေ။

"အစ်ကို ချာတိတ်က ပြန်မရောက်သေးဘူးလား"

"..."

"ဘယ်နေ့ပြန်လာမယ်လို့ပြောလား"

"..."

"မလာရင်လည်း ကျွန်တော် သူ့ဆီလိုက်သွားချင်တယ်...အိမ်လိပ်စာလေးပေးပါလား"

"..."

ဘာပြောပြော ပြန်မပြောဘဲ ခုန်ကို တလှုပ်လှုပ်လုပ်ရင်းကျောခိုင်းနေသော ဂျွန်မြောင်ကို ချန်ယောလ် စိတ်တိုသွားသည်။ ကိုယ်က တကယ်ခံစားနေရတာကို သူကအေးဆေးနေတဲ့အပြင် လူကို အဖက်ပင်မလုပ်။ ထိုင်နေတဲ့ ခုံနားကိုသွားပြီးဆုံလည်ကုလားထိုင်ကို ဝုန်းခနဲဆွဲလှည့်လိုက်ပြီးနောက် ချန်ယောလ်က ကိုယ့်မျက်လုံးကိုယ်တောင် မယုံနိုင်ဖြစ်သွားရသည်။

"ဘေဘီ"

မယုံနိုင်သလိုပုံမျိုးနဲ့ ပါးစပ်ကလေထွက်သည်ဆိုရုံ တိုးတိုးလေးရေရွတ်မိသည်။ နားကြပ်ကြီးတပ်ပြီး ဂိမ်းဆော့နေသည့် ချာတိတ်က ခုံကိုရုတ်တရက် ဆွဲလှည့်ခံလိုက်ရတော့ လန့်ပြီး မျက်လုံးအဝိုင်းသားနှင့်ကြည့်နေသည်။ ပြီးတော့မှ နားကြပ်ကို ဆွဲဖြုတ်ပြီး ခုံမှာသေချာပြင်ထိုင်သည်။

BLOGGERWaar verhalen tot leven komen. Ontdek het nu