" အတူတူကျောင်းသွားချင်လို့
အစောကြီးထတာတောင် မမှီဘူး
ဘာလို့အဲ့လောက်အစောကြီးလာတာလဲ "

Chanyeol သည် Baekhyun ပြောလိုက်တာကို
နားမလည်သလိုကြည့်နေသေးသည်။
ထို့နောက်မှ baekhyun ​၏ချစ်စကားဆိုထားသော
ကိစ္စကိုပြန်သတိရကာ
သဘောပေါက်သွားသည်။

baekhyun သည်အမောဖြေလို့ဝသွားတဲ့အခါ
စက်ဘီးကိုဒေါက်ထောက်ရပ်ပြီး
လွယ်အိတ်ကိုမြေကြီးပေါ်ချ၍
လွယ်အိတ်ထဲကိုနှိုက်သည်။
အထက်တန်းကျောင်းသားတွေမို့
လွယ်အိတ်ထဲမှာ စာအုပ်ကတော့နည်းနည်းစုံသည်။
အိတ်ကိုအသည်းအသန်နှိုက်နေသည့်
Baekhyun ကို Chanyeol
ရပ်ကြည့်နေရာမှဝင်မေးလာသည်

" ဘာလုပ်နေတာလဲ "

" တွေ့ပြီ "

Baekhyun ​၏စကားအဆုံးလွယ်အိတ်ထဲမှ
ဆွဲထုတ်လိုက်သောအရာသည်
ဝက်အူချောင်းတစ်ချောင်းဖြစ်လေသည်

Baekhyun ထိုဝက်အူချောင်းကိုchanyeol ထံကမ်းပေးလိုက်သည်

" ရော့ Breakfast "

Chanyeol သည်ချက်ချင်းလှမ်းမယူသေးပဲ
Baekhyun ကိုတစ်လှည့် ဝက်အူချောင်းကိုတစ်လှည့်ကြည့်သည်

" ယူလေ မင်းကိုဒါပေးဖို့ လိုက်လာတာ "

အခုထိ အသက်ရှုမဝသေးသည့် baekhyun မှာ လေကိုခပ်ပြင်းပြင်းရှုသွင်းရှုထုတ်
လုပ်နေရင်းပြောလာခဲ့သည်။

Baekhyun ​၏အဖြေကိုကြားရသည့်အခိုက်တွင်
Chanyeol သည်
ခေတ္တငြိမ်သက်သွား​၏။ထို့နောက်မှ
ဘာမှမဖြစ်သလိုတစ်ချက်ပြုံးကာ
ဝက်အူချောင်းကိုလှမ်းယူလိုက်သည်

" အတန်းထဲရောက်မှပေးလည်းရတာကို ..
ကျေးဇူးပဲ "

" ကျေးဇူးတင်ရင်ပြန်ချစ် "

အဆက်အစပ်မရှိတဲ့စကားကြောင့်
ဝက်အူချောင်းကိုလှမ်းယူနေသော
chanyeol ​၏လက်တွေရပ်တန့်သွား​၏

baekhyun သည် ခပ်ရေးရေးပြုံးကာ
ဝက်အူချောင်းကို chanyeol
လက်ထဲလှမ်းထည့်လိုက်​၏။ထို့နောက်
ထိုင်ရာမှထပြီးလွယ်အိတ်ကောက်လွယ်၍
chanyeol ​၏ပုခုံးကို မမှီမကမ်းလှမ်းဖက်လိုက်သည်
ထို့နောက်တွင် စကားလမ်းကြောင်းပြောင်းလိုက်​၏

" သွားကြမယ်
ဒီနေ့ကာယအချိန်ပါတယ်မလား "

Chanyeol သည် baekhyun လက်တွေထဲမှ
နေရခက်သလိုရုန်းထွက်ကာပြန်ပြောလာသည်

" အဲ့လိုတွေလာလာမပြောစမ်းပါနဲ့ baekhyun ရာ "

" မင်းဒဏ်ခံဖို့တော့လိုလိမ့်မယ်
ရှေ့လျောက်အဲ့ထပ်ဆိုးတာတွေပဲလာမှာ "

" ဒုက္ခပဲ"

baekhyun သည်သဘောကျစွာပြုံးရင်း chanyeol ကိုထပ်မံလှမ်းဖက်လိုက်သည်။
ထို့နောက်အတူတူကျောင်းထဲဝင်လာခဲ့​၏

" ဒီနေ့ နေ့လည်ဘောလုံးကန်မလား "

" မင်းအဲ့လိုတွေမပြောရင်ကန်မယ် "

" ငါကပြောမှာပဲ မပြောစေချင်ရင်ပြန်ကြိုက် "

" တော်ပါတော့ "

" ဘောလုံးကန်မှာလား "

" ကန်မယ် ကန်မယ် "

" ဒါမှငါ့ချစ်သူလေး "

" ဟာ !!! "

Chanyeol သည် Baekhyun ကို
ခပ်ဝေးဝေးသို့လွင့်သွားတဲ့အထိတွန်းထုတ်ကာ
အရှေ့မှထွက်သွားပါတော့သည်။

baekhyun သည် chanyeol ​၏
ကျောပြင်ကိုငေးနေရင်းပြုံးရင်းကျန်နေခဲ့သည်
နီရဲနေတဲ့နားရွက်ဖျားတွေက ကျွန်တော့်ကြိုးစားမှုရဲ့
ရလဒ်သေးသေးဆိုရင်
မျှော်လင့်ချက်နည်းနည်းလေး
ထားလို့ရနိူင်မယ်မလား။

နည်းနည်းတီတီတာတာလေးတွေလုပ်မယ်ကြံတိုင်း
ရှက်တတ်သူက နည်းလမ်းမျိုးစုံနဲ့ရှောင်ရှောင်ပြေးနေတာကို တစ်နေ့ တစ်နေ့
အသည်းတွေယားနေရသည်။

ပြန်ချစ်ပေးပါတော့လို့ သာ
တစ်ကျောင်းလုံးသိအောင်
အော်ပြောလိုက်ချင်တော့သည်။

Wrong LinesTempat cerita menjadi hidup. Temukan sekarang