မုန့်အတူသွားစားဖို့ခေါ်တိုင်း
အိမ်မှာအမေက ဟင်းချက်ထားတယ်ဆိုပြီး
​ဖြေတတ်ပေမယ့် Baekhyun မျက်နှာ
ညှိုးသွားတဲ့အခါ အတူတူလိုက်ပေးတတ်သည်

မင်း သဘောကျတဲ့လူရှိပြီလားလို့မေးတုန်းက
ခေါင်းကိုလေးချက်ဆက်တိုက်လောက်ခါပြီး
ငြင်းသူဟာ တစ်ကယ် သက်ဆိုင်သူမရှိဘူးဆိုတာ
baekhyun သိသည်။

နောက်ပြီးထိုသက်ဆိုင်သူဟာ
ကျွန်တော်ဖြစ်ချင်မိသည်

သို့သော် ခဏ ခဏ ထွက်ပြေးနေသူကို လိုက်ဖမ်းနေရတာနဲ့တင် ချစ်စကားတွေမပြောဖြစ်တာတောင်
ကြာခဲ့ပြီ

အခုလည်းအတူတူကျောင်းသွားချင်လို့အစောဆုံး
အိမ်ကထွက်လာတာတောင် Chanyeol
ကျောင်းသွားပြီလို့ အဘကပြောတာကြောင့်
Baekhyun မှာအမြန်ပြေးလိုက်ရတော့​၏

ကျောင်းက လမ်းလျှောက်သွားရင် အလွန်ဆုံး ၃၀ မိနစ်လောက်သာ ကြာသည်။
ဒါကြောင့် အမြန်လိုက်ရင် တွေ့နိူင်တာမို့
baekhyun စက်ဘီးကို အားအကုန်နင်းမိသည်
ကျောင်း​၏ဝင်ပေါက်အနားသို့ရောက်တဲ့အချိန်
တွင်တော့ တစ်ရွေ့ရွေ့သွားနေသောအရပ်ကြီး
မိုးထိုးနေသူကိုတွေ့လိုက်ရပြီ

Baekhyun သည်စက်ဘီးကို
မတ်တပ်ထ အားယူကာအရှိန်တင်နင်းပြီး အော်ခေါ်လိုက်သည်

" Parkchanyeol !! "

အော်သံက တော်တော်ကျယ်တာကြောင့်
chanyeol တင်မက အခြားသူများပါ
လှည့်ကြည့်လာသည်။
channyeol သည် baekhyun ကိုမြင်တဲ့အခါ
ခြေလှမ်းတွေရပ်ပြီး ပြန်လှည့်ကြည့်သည်။
စက်ဘီးကိုအားအကုန်နင်းလာသော
baekhyun ​​၏မျက်နှာလေးပြုံးနေသည်။
ထိုအပြုံးသည် အလွန်ချစ်စရာကောင်းတာကိုတော့
chanyeol ဝန်ခံရလိမ့်မည်

Baekhyun သည် လှုပ်တုပ် လှုပ်တုပ်နဲ့
chanyeol ရှိရာအနားရောက်လာလေပြီ
မျက်နှာချင်းဆိုင်တည့်တည့် စက်ဘီးရပ်လိုက်သောအခါ အစွမ်းကုန်အားသုံး၍
နင်းလာတာကြောင့်
ခြေကုန်လက်ပမ်းကျနေသော်လည်း Chanyeol ကိုတော့ဖြင့် Baekhyun အတောက်ပဆုံးပြုံးပြသည်

အအေးဒဏ်နဲ့ရောနေသော ထိုအပြုံးသည်
မနက်ခင်းကို ပို၍အေးမြနေစေသည်

Wrong LinesWhere stories live. Discover now