ရင်းနှီးတာနဲ့ မရင်းနှီးတာ ၏ကြားက
သူငယ်ချင်းဆက်ဆံရေးတစ်ခုတွင်သူတို့ရှိခဲ့ကြပေမယ့် တစ်ဖတ်သတ်ရင်ခုန်နေခဲ့တာကတော့
baekhyun တစ်ယောက်သာဖြစ်ပါ၏
" Chanyeol "
Baekhyun ၏ခေါ်သံသည် တိတ်ဆိတ်နေသော
ရပ်ကွက်ကိုဖုံးလွှမ်းသွားခဲ့သည်
ပြန်လှည့်ကြည့်သော Chanyeol ၏
အကြည့်တွေသည် ဆိုဘယ်လ်သစ်ရွက်တွေနဲ့အတူ
နွေးထွေးနေသည်
" မင်းငါ့ကိုမရှောင်နဲ့နော် "
chanyeol သည် baekhyun ကိုကြည့်နေရာမှ
ပတ်ဝန်းကျင်ကို မျက်နှာလွှဲသွား၏။
ပြီးနောက်မှ နောက်တစ်ခေါက်လှမ်းကြည့်သည်။
" မင်းကိုငါက ဘာလို့ရှောင်ရမှာလဲ "
စကားအဆုံး
ရှေ့ပြန်လှည့်ကာ
ဆက်လျှောက်သွားသူသည်
ခြေသုံးလှမ်းလောက် လှမ်းပြီးတဲ့အခါ
ထပ်၍ပြန်လှည့်ကြည့်သည်။
baekhyun ပြုံးပြမိတဲ့အခါ
သက်ပြင်းတစ်ချက်ချပြီး
ခပ်မြန်မြန်လှည့်ထွက်သွားပါတော့သည်။
တစ်ချက်လောက်များပြန်ပြီးလှည့်ကြည့်မလား
ဆိုတဲ့မျှော်လင့်ချက်နဲ့chanyeol ၏ပုံရိပ်
မျက်လုံးရှေ့က ပျောက်ကွယ်သွားသည်အထိ ရပ်ကြည့်နေမိသည်။
ဘယ်လောက်အထိစောင့်ရ စောင့်ရစောင့်နိူင်သည်။
အခုထိလည်းကျွန်တော်စောင့်ခဲ့သည်။
တစ်ခါလောက်သာ
လှည့်ကြည့်လာမယ်ဆိုရင်
ဘယ်လောက်ပဲ အချိန်တွေကြာမြင့်ပါစေ
ကျွန်တော်ဒီနေရာမှာ ရပ်နေနိူင်သည်။
ဆက်ဆံရေးတွေတစ်မျိုးတစ်မည်
ထူးဆန်းကုန်မှာစိုးရိမ်ခဲ့သော်လည်း
ဖွင့်ပြောပြီးသည့်နေ့ကတိုင်
ကျွန်တော် တို့ပတ်သတ်မှုဟာ မည်သို့မှထူးခြားစွာ
ပြောင်းလဲမသွားခဲ့ပါ
အရင်လို ဘောလုံးကန်တယ်
ဂိမ်းအတူဆော့ဖြစ်တယ်။
ဘောလုံးဂိုးဝင်သွားတိုင်း
ဝမ်းသာအားရပြေးဖက်မယ့်အစား
လက်ချင်းရိုက်ကြတာမျိုးလောက် အသေးအမွှားဆင်ခြင်မှုလေးတွေကို
ကျွန်တော်ခေါင်းထဲထည့်မနေပါ။
သဘောကောင်းသူဟာ ကျွန်တော့်ကိုလည်း
မနာကျင်စေချင်။ပြန်ကလည်းမကြိုက်ချင်။
Part 1
Start from the beginning
