" ငါမင်းကို ဘာမှမတောင်းဆိုဘူး
အဖြေကိုလည်း အခုမတောင်းဘူး
အခုတောင်းရင်သေချာပေါက်
မင်းငြင်းမှာငါသိပြီးသား "
chanyeol သည် Baekhyun ကိုလှမ်းကြည့်နေသည်။
အခြေအနေက အလွန်လေးနက်နေတာကြောင့်
ဝန်ထုပ်ဝန်ပိုးဖြစ်နေပုံပေါ်သည်။
အမြဲတမ်းပြုံးနေတတ်တဲ့ ကျွန်တော့်ကောင်လေး
မျက်နှာငယ်နေပြီ
ငြင်းချင်နေတာကိုသိသည်။
မငြင်းတတ်တာကိုလည်း သိသည်။
အားနာတတ်သူကို အခွင့်ကောင်းမယူသင့်ပေမယ့်
အငြင်းတော့မခံနိူင်တာကြောင့် Baekhyun သည်
ပြတ်သားစွာထပ်ပြောလိုက်သည်။
" မင်းငါ့ကိုအခွင့်အရေးပေးစေချင်တယ်"
ကျွန်တော့်၏စကားကိုငြိမ်၍နားထောင်နေသော
chanyeol ၏မျက်လုံးများ
အနည်းငယ်လှုပ်ရှားသွားသည်
" ဘာအခွင့်အရေးလဲ "
" မင်းကို လိုက်ဖို့အခွင့်အရေး "
" အာ "
ချက်ချင်း မျက်နှာလွဲသွားသူ၏ နီရဲလာသော
နားရွက်ဖျားတွေက အနေခက်ခြင်းကြောင့်လား
ရှက်သွားတာလား မဝေခွဲနိူင်။
chanyeol ဟာ သူ့လည်ပင်းတွေသူ လက်နဲ့ပွတ်ကာ
မျက်နှာတွေအထိ နီရဲလာသည်
" အဲ့လိုလိုက်မှ ဖြစ်မှာလား "
" လိုက်မှဖြစ်မှာပေါ့ ချစ်ခဲ့ရတဲ့နှစ်တွေကိုလည်းကြည့်အုန်းလေ "
" အာ "
ဒီတစ်ခါတွင်တော့ ခြေနှစ်လှမ်းလောက် ဆုတ်ခွာကာ
အနောက်ကိုလှည့်သွားပါတော့သည်။
" ဟေ့ကောင် တော်ပြီ ငါသွားတော့မယ် "
baekhyun ကိုလှည့်ပင်မကြည့်တော့ပဲ
လွယ်အိတ်ကိုပုခုံးပေါ်တင်ပြီးလျှောက်သွားသူ၏
ခြေလှမ်းတွေက ပုံမှန်ထပ်မြန်နေသည်။
တစ်ရပ်ကွက်ထဲမှာ အတူတူကြီးပြင်းခဲ့ကြတဲ့
သူတို့နှစ်ယောက်ဟာ ရွယ်တူတွေဖြစ်သည်။
သူငယ်ချင်းအရင်းကြီးတွေလို့ပြောရတဲ့အထိ
သိပ်မရင်းနှီးပေမယ့်
မေးထူးခေါ်ပြောထပ်သာသော ဆက်ဆံရေးမျိုး
ဖြစ်သည်။ကျောင်းတူသော်လည်း
အတူမသွားဖြစ်။
အခန်းတူပေမယ့် သူငယ်ချင်းအုပ်စုကွဲသည်။
ညနေတိုင်းတော့ လမ်းထဲမှာဘောလုံးအတူကန်ဖြစ်ပြီး ဂိမ်းဆိုင်မှာတစ်ခါတစ်လေ တွေ့ရင်
အတူတွဲဆော့ဖြစ်သလောက်။
Part 1
Start from the beginning
