ငါလည်း သိတယ် မင်းကယောင်္ကျားလေး။
ငါလည်း ငါ့ကိုယ်ငါ ယောင်္ကျားလေးတစ်ယောက်ကို
ဒီလောက်အထိကြိုက်မိမယ်လို့ မတွေးခဲ့ဖူးဘူး
ဒါမယ့် အဲ့လိုခွဲခြားပြီးမမြင်နိူင်လောက်တဲ့အထိ
မင်းကို ငါ ..."
စကားသံတွေဟာ အရှေ့နဲ့အနောက်
ညီမညီကျွန်တော်မသိ။
သူ့ကိုသဘောကျခဲ့တဲ့ ၃နှစ်ကျော်ကျော်လုံး
ဒီလိုဖွင့်ပြောရမယ့်နေ့ရောက်လာမယ့်
အချိန်ကိုပဲစောင့်ပြီးနေလာခဲ့တာ။
မပြောလိုက်ရတဲ့ စကားတစ်ခွန်းတစ်လေများ
ကျန်ခဲ့လေမလား လို့စိုးရိမ်သည်။
ရင်ထဲကထုထည်က ပြောမပြနိူင်လောက်အောင်
ကြီးမားပိတ်ဆို့နေလို့ အသက်ရှုမဝတဲ့အထိ
မွန်းကြပ်နေပေမယ့်
ထိုသူကိုရည်ညွှန်းသည့်ချစ်စကားတွေကိုတော့
အလွန်လေးနက်စွာ
ပြောချင်မိသည်။
သူနဲ့ပတ်သက်ရင် ကျွန်တော်ဟာ
ပါးချိုင့်ရေးရေးလေးပေါ်လာတာက အစ
အသေးစိတ်မှတ်ထားတတ်တယ်ဆိုတာ
ထိုသူ့ကိုလည်း သိစေချင်မိသည်
" သဘောကျတယ် Chanyeol
ဘယ်သူ့ကိုမှမမြင်ပဲ မင်းမှမင်း
ဖြစ်နေတာသုံးနှစ်ကျော်ခဲ့ပြီ
စိတ်ကစားနေတာမဟုတ်ဘူးဆိုတာ
ငါ့ကိုယ်ငါအသေချာဆုံးပဲ"
တိတ်ဆိတ်စွာငေးကြည့်လာသော
မျက်ဝန်းအိမ်နက်နက်တွေဟာ
ဘယ်လောက်အထိ
သဘောကျစရာကောင်းလဲဆိုတာ
မပြောပြတတ်။
ဘယ်လောက်ထိ
ကျွန်တော်ပိုင်ဆိုင်ချင်မိသလဲဆိုတာလည်း
မပြောပြတတ်။
" Baekhyun "
Chanyeol ဟာကျွန်တော့်နာမည်ကို
ခေါ်ဆိုလိုက်သည်။
ဒီခေါ်သံတွေကို ကြားခဲ့ရတိုင်း
ကျွန်တော်ဘယ်လောက်ထိ
ရင်ခုန်ခဲ့လဲဆိုတာ
ကျွန်တော်ကိုယ်တိုင်ပဲသိနိူင်လိမ့်မည်။
" မင်းပြောတဲ့အတိုင်းပဲ
ငါ့အတွက်ဒါက အရမ်းရုတ်တရပ်ဆန်လွန်းတယ်
ဘာက ဘယ်လိုမှန်းမသိတော့ဘူး
နောက်ပြီးမင်းနဲ့ဆက်ဆံရေးတစ်မျိုး
ဖြစ်သွားမှာလဲမလိုချင်ဘူး
ဒါမယ့် "
" ငါသိတယ် အဲ့လောက်တော့ ငါသိပါတယ် "
Baekhyun အလယ်ကစကားဖြတ်ပြောလိုက်တဲ့အခါ
အားနာသလိုလှမ်းကြည့်လာပြန်သည်။
Part 1
Start from the beginning
