အခန်း(၁၀၃)

Começar do início
                                    

သူတို့က တစ်နှစ်၊ ပြီးတော့ နောက်ထပ်တစ်နှစ်၊ အဲ့ဒီနောက် နောက်ထပ်ငါးနှစ်လောက်ပဲ အချိန်ဆွဲဖို့ လိုအပ်တယ်၊ ထိုးဖောက်ကျော်လွှားမှုအသစ်တွေရှိလာနိုင်ပြီး ကုသမရတဲ့ရောဂါတွေကို ကုသရာမှာ တိုးတက်မှုအသစ်တွေ ရှိကောင်းရှိလာနိုင်ပါတယ်။

ဒါပေမဲ့ ရန်ယွင်ရဲ့စိတ်အခြေအနေက ပျော့ညံ့နေခဲ့တယ် ...

ချောင်ရှောင်ပျောက်ဆုံးခဲ့တဲ့ အဲ့ဒီတစ်နှစ်အတွင်းမှာ ရန်ယွင်က ညဘက်အိပ်ပျော်ရန် ခက်ခဲလာခဲ့တယ်၊ နေ့တိုင်း သူမက သူမနှလုံးသားကို ဓားတုံးတုံးနဲ့လှီးဖြတ်နေခဲ့တဲ့ နာကျင်မှုဝေဒနာကို တောင့်ခံနေခဲ့တယ်၊ သူမသားကိုတွေ့ချင်တဲ့အတွက် အခက်အခဲတွေကြားမှရုန်းထွက်ပြီး နာကျင်ရတဲ့ကုသမှုအားလုံးကို ခံယူခဲ့တယ်။

တစ်နှစ်အကြာမှာ ချောင်ရှောင် ပြန်လာခဲ့ပါတယ်၊ ရန်ယွင်က ပစ်လွှတ်ခံလိုက်ရတဲ့ တင်းမာနေတဲ့ လေးညှို့လိုပဲ၊ သူမရဲ့ဘဝကို နောင်တတွေမရှိဘဲ ရိုးရိုးရှင်းရှင်း ဖြတ်သန်းရန် ‌ဆုံးဖြတ်ခဲ့တယ်။

တကယ်တော့ ချောင်ရှောင်ရဲ့ငြင်းပယ်ခြင်းနဲ့ သူမအပေါ်အကြောက်တရားက သူမကိုစိတ်မထိခိုက်စေခဲ့ချေ၊ သူမက သူမကလေး ပြန်ရောက်လာခဲ့လို့ တကယ့်ကို‌ဝမ်းသာပျော်ရွှင်နေခဲ့တာ၊ နေ့ရောညပါ ဆုတောင်းခဲ့ရတဲ့ သူမဆန္ဒက ပြည့်ဝသွားခဲ့ပြီ၊ သူမက သူမအသက်ကိုပင် ပေးဆပ်လိုခဲ့တယ်၊ အခု သူမရဲ့တစ်ခုတည်းသောဆန္ဒမှာ သူမရဲ့ကလေးလေး လုံခြုံအေးချမ်းတဲ့ဘဝမှာ နေထိုင်သွားရန်ပါပဲ။

သူမမသေဆုံးခင်အခိုက်အတန့်အထိ ရန်ယွင်က ချောင်စုန့်မင်ကိုပြောခဲ့ပါတယ်၊ "ရှောင်ရီကိုပြောလိုက်ပါ၊ ကျွန်မအရမ်းကျေနပ်ပါတယ်"လို့၊ ချောင်ရှောင်က အတွေးအမြင်ရှင်းလင်းသွားတာနဲ့ သူ့ကိုယ်သူအပြစ်တင်နေမှာကို သူမက စိုးရိမ်ပူပန်နေခဲ့တယ်။

သူမက ချောင်ရှောင်အတွက် စာတစ်စောင်ချန်ရစ်ခဲ့တယ်၊ ဒါပေမဲ့ ချောင်စုန့်မင်က ချောင်ရှောင်ကိုမပေးရဲခဲ့ပေသိ အခုတော့ ပေးနိုင်သွားပြီ။

ချောင်ရှောင်က ၎င်းကို တုန်ယင်နေတဲ့လက်များဖြင့် ဖွင့်ပြီး စကားလုံးတစ်လုံးချင်းစီနဲ့စာကြောင်းတစ်ကြောင်းချင်းစီကို ဖတ်နေခဲ့တယ်၊ သူ့မျက်လုံးများက မျက်ရည်များနဲ့ ဝေဝါးလာခဲ့တယ်။

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Onde as histórias ganham vida. Descobre agora