ကောင်းကင်ပြင်မှာ တစ်လျှောက်လုံးပျံသန်းလာခဲ့သောလေယာဉ်က စင်ကာပူနိုင်ငံ၏ ချန်ဂီလေဆိပ်ကို စတင်ဘီးချလိုက်သည်နှင့် ရွှေခေတ်၏ ပျိုမျစ်တက်ကြွနေသောစိတ်ကလေးမှာလည်း အလိုလိုပင် လှိုက်ခုန်ပျော်ရွှင်လာရသည်။ထို့နောက် ကိုကြီးနှင့်အတူ လေယာဉ်ပေါ်ကနေဆင်း၍ အင်မီဂရေးရှင်းကိုဖြတ်ကျော်ကာ မောင်နှမနှစ်ယောက်သား စကားတပြောပြောနှင့်လျှောက်လာကြစဉ်
"ကလေး .....။ဟေ့ကောင် အံ့ဘုန်း..."
သူမတို့မောင်နှမ စလုံးကိုလာလည်မည်ဆိုသည်နှင့် ချက်ချင်းပဲ အင်္ဂလန်ကနေ ကူးလာလေသောကိုကိုသည် သူမတို့ထက်အရင်ကြိုရောက်နေသောကြောင့် ယခုကဲ့သို့ လေဆိပ်မှာ လာကြိုပေးခြင်းဖြစ်လေသည်။
"ကိုကို..."
အပြင်မှာမတွေ့ရသည်က အနည်းငယ်ကြာနေပြီမို့ သူမက ဝမ်းသာအားရလှမ်းခေါ်ကာ အပြေးသွားလိုက်လျှင် ကိုကိုကလည်း လှိုက်လှဲစွာပြုံးပြရင်းမှ စောင့်ကြိုနေပေသည်။
"စောင့်နေတာကြာပြီလား..."
အရှိန်နှင့်ပြေးလာပြီး သူ့ကိုပစ်တိုက်ကာ လက္မောင်းကိုတွယ်ချိတ်၍ မေးလာသောမျက်နှာလေးအား အံ့မခန်းထင်က ချစ်စနိုးကြည့်လိုက်ရင်း ပြုံးလက်စအပြုံးတို့ကို ပိုမိုပီပြင်စွာ ထပ်ဆောင်းပြုံးပြလာလျက္မှ ပြန်ဖြေလာလေသည်။
"မကြာသေးပါဘူး...။ဆယ့်ငါးမိနစ်လောက်ပဲရှိသေးတယ်..."
"ဟေ့ကောင်..ပြောတော့ တစ်နာရီလောက်ကြိုစောင့်ပြီးတော့တောင် လာကြိုပေးမှာဆို..."
"အပိုတွေလာပြောမနေနဲ့..အခုရောနောက်ကျနေလို့လားပြော..."
အံ့ဘုန်းခေတ်ကို ခြေထောက်နှင့်တစ်ချက်လှမ်းကန်ပြီး ပြန်ပြောရင်း ရွှေခေတ်၏ခေါင်းလေးအား ခပ်ဖွဖွအုပ်မိုးကိုင်ကာ
"ကလေး ဗိုက်ဆာနေပြီလား...။အန်တီတို့က ထမင်းနဲ့ဟင်းတွေ အချိန်ကိုက်ချက်ပေးထားတယ်သိလား...။ရောက်တာနဲ့စားရုံပဲ..."
"မသိဘူး ဆာတာလိုလို မဆာတာလိုလိုနဲ့..။လောလောဆယ် လည်ချင်တာပဲသိတယ်..."
"အဟွန်း စိတ်လျှော့ပါဦးအမရဲ့..ခုမှရောက်တာကို...။စားသောက် ခဏတဖြုတ်နားပြီးမှ ညနေပိုင်းကို အပြင်ထွက်ကြမယ် နော်..."
YOU ARE READING
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေး...
