Ours💞(Part-2)

1.6K 106 3
                                        

နံနက်ရောက်သောအခါတွင် ပြင်ဆင်စရာရှိသည်များအားပြင်ဆင်ကာ နံနက်စာစားပြီးသည်နှင့် ဟဲဟိုးလေဆိပ်သို့တန်းထွက်ခဲ့လိုက်ကြသည်။မိဘများနှင့်တွေ့ချင်သေးသည်ကြောင့် ကလောမှ မန္တလေး၊မန္တလေးမှ အလုပ်က္စိ္စနှင့်တစ်ဖြတ်ဝင်ရသည့်ရန်ကုန်၊ရန်ကုန်မှတစ်ဆင့် သူ့မိဘများရှိရာ စင်ကာပူမြေသို့ အဆင့်ဆင့်ခရီးဆက်ခဲ့ကြရပြီးသည့်နောက် Singapore Airlines နှင့်ပင်သွားခဲ့ကြခြင်းဖြစ်ပြီး Switzerland နိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော Zurich မြို့သို့ ဆယ့်သုံးနာရီကျော်ကြာသောအခါတွင် ရောက်ရှိခဲ့ကြလေသည်။အချိန်အကြာကြီးလေယာဉ်စီးခဲ့ရသောကြောင့် Zurichကိုရောက်ချိန်မှာ သူက ဘယ်မှမသွားစေတော့ဘဲ ဟိုတယ်မှာသာနားနေကြရင်း ရောက်ရောက်ချင်းတစ်ရက်သည် ကုန်လွန်ခဲ့လေသည်။ထိုသို့ဖြင့် နောက်ရက်မှာတော့ တခြားမြို့တွေမသွားသေးဘဲ လောလောဆယ်ရောက်နေသည့် Zurich ကို ခံစားရန်အတွက် တစ်မြို့လုံးနှံ့စပ်အောင်ပတ်ဖို့ ပြင်ဆင်လိုက်ကြသည်။

Zurich

Switzerland ၏ ငွေကြေးမြို့တော်ဟု တင်စားရသော Zurich သည် မြို့၏ဂုဏ်ပုဒ်နှင့်လိုက်ဖက်ညီစွာ Luxury ဆန်လှသည့် လူနေထိုင်မှုပုံစံများ၊ခမ်းနားသပ်ရပ်လှသော အဆောက်အဦးများ၊ High-End Shopping နှင့် ချောကလက်များကြောင့် ကျော်ကြားလေသည်။၁၅ ဘီစီကာလမှာ ရောမတို့တည်ထောင်ခဲ့သော မြို့တော်ဖြစ်ပြီး စတင်တည်ထောင်စဉ်က Turicum အမည်နှင့်ဖြစ်ကာ ကြီးကျယ်ခမ်းနားသည့် ရာဇဝင်များနှင့်မြို့တော်ပင်မို့ မူလလက်ရာအတိုင်း ပုံစံမပျက်ထိန်းသိမ်းထားနိုင်သော အလယ်ခေတ် ခေတ်ဟောင်းလက်ရာ သားနားထည်ဝါသည့်အဆောက်အဦးများနှင့်အတူ ပဲရစ်မြို့ရှိရပ်ကွက်များနှင့်ဆင်တူသော ပုံစံအများအပြားကိုလည်း ဤမြို့၌တွေ့နိုင်သည်။ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံများထဲမှာပါဝင်ပြီး နေထိုင်မှုစရိတ်မြင့်မားသောကြောင့် အရာရာဈေးကြီးလှသော်လည်း လူ့အခွင့်အရေး၊အလုပ်သမားအခွင့်အရေးနှင့်ပတ်သက်လျှင် အပြည့်အဝရရှိထားသည့် ချမ်းသာသောနိုင်ငံပီပီ ငွေရေးကြေးရေးခြေသလုံးမွှေးဟုသဘောထားကာ ငွေကိုပေါပေါများများသုံးနိုင်ကြသော ဆွစ်လူမျိုးများအား Zurich တွင် အားကျဖွယ် တွေ့မြင်နိုင်ပေသည်။ထိုကဲ့သို့သောမြို့တော်ဟာ နိုင်ငံ၏အကြီးဆုံးမြို့တော်ပီသစွာပင် လည်ပတ်စရာနေရာများမှာ များပြားလှသောကြောင့် သူမတို့က Zurich ကို နှစ်ရက်စာလည်ပတ်ရန်အတွက် အချိန်ပေးခဲ့ကြလေသည်။

You are the only Exception!Tempat cerita menjadi hidup. Temukan sekarang