Propose💍

3.1K 162 7
                                        

သူမ ဟိုလူ့ဆီကနေပြန်လာပြီး အိမ်ပြန်​ရောက်လျှင် အမေက နိုးနေလေပြီ။သူက အကျိုးအကြောင်းကို ကြိုပြီး ph ဆက်ထားပုံရကာ သူမပြန်လာသည်နှင့် အမေကပွေ့ဖက်ထားရင်းမှ ခေါင်းလေးကိုပွတ်သပ်ပြီးလျှင်

"ဒီလိုမျိုး အမေ့ကိုစိတ်ချမ်းသာအောင်ထားပေးတဲ့ အမေ့သမီးလေးလဲ တစ်သက်လုံး စိတ်ဆင်းရဲရမယ့်ကိစ္စမျိုးတွေ ကြုံတွေ့ရမှာမဟုတ်ဘူး...။ဘဝတစ်လျှောက်လုံး စိတ်ချမ်းသာရမယ်ဆိုတာ အမေအာမခံတယ်...။ကျေးဇူးတင်တယ် အမေက သိလား..."

ချော့မော့နေသောစကားသံတွေကြောင့် သူမကမျက်ရည်တွေဝဲပြီး အမေ့ရင်ခွင်ထဲတိုးဝင်ကာ

"အမေသာ နေမကောင်းမဖြစ်ဘဲ ကျန်းကျန်းမာမာ အသက်ရှည်ရှည်နဲ့ အကြာကြီးနေသွားပေးပါ...။အဲ့ဒါဆို သမီးက ဘယ်လိုပဲနေရနေရ စိတ်ချမ်းသာနေရမှာပဲ..."

"နေမှာပေါ့ ...။မေ့သမီးလေး လိမ္မာတာ သိတတ်တာတွေ အလကားမဖြစ်စေရဘူး..."

ချက်ချင်းပဲ နေကောင်းသွားပုံရသောအမေ့ပုံစံကြောင့် သူမက စိတ်ချမ်းသာသွားရရင်း ညစာစားပြီးချိန်မှာတော့ ဝင့်ဝါဆီ ph ဆက်ကာ အကျိုးအကြောင်းပြောပြလိုက်သည်။အဆင်ပြေလား အရင်မေးလာသောနှစ်ယောက်ကို သူမကတော့ ပြေပါတယ်ဟုသာ ပေါ့ရှပ်ရှပ်ဖြေလိုက်ရရင်း ဂုဏ်ပြုစကားတွေ အိမ်ထောင်ရေးလက်ချာတွေကို ကြာကြာနားမထောင်နိုင်တော့သည်မို့ ခဏပဲပြောကာ ph ချလိုက်ပြီးလျှင် စိတ်ပြေလက်ပျောက် လိုင်းပေါ်တက်မိသည်။

Messenger မှ noti တက်လာ၍ ဝင်ကြည့်လိုက်တော့ လာပို့ထားသည့် ထိုလူ၏အကောင့်အား Message request ထဲမှာ တွေ့လိုက်ရသည်။

ကိုယ့်ကိုလက်ခံပေးပါ

အခွင့်အရေးကိုအပြည့်အဝအသုံးချနေသောလူ၏အကောင့်ကို ချက်ချင်းပင် block ပစ်ချင်စိတ်အား မနည်းထိန်းချုပ်ထားလိုက်ရင်း လက်ကတော့မနေနိုင်ပဲ အကောင့်ထဲဝင်ကြည့်မိပြန်သည်။ Profile ကပုံမှာ သူမရိုက်ပေးထားသောပုံဖြစ်ပြီး Cover ကိုကြည့်လိုက်တော့

လုပ်ပြန်ပြီ...။

ဦးပိန်တံတားပေါ်မှာ တွဲလောင်းချထားသည့် ခြေထောက်နှစ်ဖက်ပုံဖြစ်ကာ ထိုစဉ်က သူမမေးတော့ ရေတွေရိုက်နေတာဟု ပြောလိုက်သေးသည်။

You are the only Exception!Where stories live. Discover now