Why do fireflies have to die so soon?

1.4K 110 2
                                        

"ကိုကိုသာ ဒီလိုစားနေရင်းနဲ့ ဝက်ဖြစ်သွားရင် နိုရာက Chihiro လိုမျိုးပြန်ကယ်ပေးမှာ..."

နေသန်က နိုရာ့ကိုတစ်ချက်လှမ်းကြည့်ပြီး သူ့ပုံစံအတိုင်းပြုံးတုံ့တုံ့လုပ်ကာ ဘာမှပြန်မပြောဘဲ စားလက်စကိုသာ အေးအေးဆေးဆေးဆက်စားနေသည်။သူက သားနှင့်သမီးစားနေသည်ကို သေချာလိုက်ကြည့်နေရင်းမှ နိုရာ့စကားကိုကြားလျှင် ရယ်ဟဟနှင့်ပဲ ခွန်းတုံ့ပြန်လိုက်သည်။

"ကိုကိုကတော့ ဝက်ဖြစ်မှာမဟုတ်ဘူး...။ဖြစ်ချင်းဖြစ် သမီးမေမေနဲ့သမီးပဲဖြစ်ကြမှာ...။အဲ့ကျမှ အစားမက္တဲ့ဝက်နှစ်ကောင်ကို ဖေဖေနဲ့ကိုကိုက လိုက်ကယ်ရမှာပဲ..."

သူ့စကားကို သဘောကျသွားသောနေသန်က သူနှင့်အတူ အသံထွက်အောင် ချိကနဲ့ရယ်လိုက်လျှင် သားအမိနှစ်ယောက်လုံး၏အကြည့်တွေက သူတို့သားအဖဆီသို့ စူးကနဲ့စိုက်ဝင်လာကြသည်။

ရွှေခေတ်က သူ့ကိုမကျေမနပ်ကြည့်ကာ မျက်စောင်းထိုးလိုက်ရင်း

"အစားမက္တော့ ဘာဖြစ်လဲ...။ကို့ဘာသာ ဟိုဟာမစား ဒီဟာမစား ဂျီးများနေတာကို သားကိုပါလိုက်ပြီးတော့ အဖော်ညှိမနေနဲ့..။အစားမမက္တာ ဂျီးများတာက ဂုဏ်ယူစရာမဟုတ်ဘူး..."

"နိုရာက ဘယ်လောက်အစားမက္မက် Chihiro အဖေနဲ့အမေလို ဝက်ဖြစ်အောင်တော့မစားဘူး..."

"ဝက်ဖြစ်အောင်တော့ မစားဘူး...။စားနေရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ဝက်ဖြစ်လို့ဖြစ်မှန်းမသိဘဲ ဖြစ်နေမှာ..."

ပလုပ်ပလောင်းနှင့်ပြောလာသည့်နိုရာကိုကြည့်ကာ နေသန်က ချက်ချင်းပြန်ပြောလိုက်လျှင် သူကပါ ရွှေခေတ်ကိုပြုံးစစကြည့်ရင်း နောက်ကနေလိုက်ပြီး အားဖြည့်ပေးလိုက်သည်။

"အဟွန်း သားမေမေလဲ တူတူပဲလေ...။အစားအသောက်ကိုအာရုံစိုက်နေတာနဲ့တင် အမြီးပေါက်တာ နှာခေါင်းပွတာ တစ်ခုမှသိလိုက္မှာမဟုတ်ဘူး..."

"အဲ့ဒါဆို ဖေဖေက မေမေ့ကိုကယ်...။သားက နိုရာ့ကို ကယ်လိုက္မယ်..."

"အိုခေ..."

ပြောပြီး သားအဖနှစ်ယောက် လက်ဝါးချင်းရိုက်လိုက်ကြလျှင် နိုရာကတော့ သူ့အစ်ကို၏လက်ကိုဆွဲပြီး မနာအောင်ကိုက်ကာ ခွေးလေးတစ်ကောင်လိုဆွဲခါနေရင်း ကလေးတွေအမေကတော့ မခံမရပ်နိုင်စွာပဲ ပြန်လည်ခွန်းတုံ့ပြန်လာသည်။

You are the only Exception!Where stories live. Discover now