ဒီတစ်ကြိမ်တော့ ချန်လီကောက ဆရာဝန် မခေါ်တော့ဘဲ ရီဟွိုင်ကို အောက်ကိုတွဲချီလာပြီး ကားဂိုထောင်ထဲကားကို ထုတ်ကာ ဆေးရုံပို့ရတော့သည်။သူအစကတော့ ဒီကောင်လေးကို ပွေ့ချီဖို့ကြိုးစားပေမဲ့ သူ့ခန္ဓာကိုယ်က အတော်လေးသည့်အတွက်ကြောင့် သူ့ခါးကိုကိုင်းကာ တွဲလာရသည်။အကျိုးဆက်အနေနဲ့ သူ့ခါးနာသွားမလိုတောင်ဖြစ်သွား ရသည်။

သို့သော်လည်း ဘာမှဂရုမစိုက်တော့ဘဲ ရီဟွိုင်၏ကိုယ်ကို သူ့ကျောပေါ်တင်ခဲ့လိုက်သည်။ထိုအချိန်၌ သူ့နှုတ်ခမ်းပေါ်တွင်အပြုံးတစ်ပွင့်ပေါ်လာပြီး သူ့စိတ်အခြေအနေ ကောင်းနေလေသည်။

ဆေးရုံကို ရောက်တော့ အရေးပေါ်အခန်းထဲမှာထားလိုက်ပြီး အကြောဆေးသွင်းနေရသည်။

ချန်လီကောက အဖျားကျမဲ့ပုံမရှိတာမြင်တော့ ရီဟွိုင်ကို ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးချက်တွေပည လုပ်စေခဲ့သည်။

ဖျားတာက ပြဿနာမရှိပေမဲ့ ရောဂါကြီးတစ်ခုခု၏အစဖြစ်မှာကို သူကြောက်မိသည်။

အဆုံးမှာတော့ ရီဟွိုင်အခြေအနေက အဆိုးကြီးလည်းမဟုတ်တော့ အဖျားပြန်ကျသွားသည်။သို့သော် တစ်နာရီလောက်ကြာတော့ အပူချိန်ပြန်တက်လာပြန်သည်။

ချန်လီကောရဲ့နှလုံးသားဟာ စိုးရိမ်မှုကြောင့် ဆွဲဆုတ်သလိုခံစားလာရသည်။

ရီဟွိုင်ကတော့ ပြုံးပြနေဆဲဖြစ်ပြီး "သခင် ကျွန်တော်အဆင်ပြေပါတယ်"ပဲ ပြောနေသည်။

ချန်လီကောက သွားကြိတ်လိုက်ပြီး ပြောလာသည်။

"အခုချက်ချင်း သွားစစ်ဆေးချေ၊ မင်းကိုယ်မင်း ငါ့အတွက် ထိန်းထား အိပ်မပျော်စေနဲ့"

ရီဟွိုင်က ကောင်းပါပြီ လို့ပြောရင်း တိတ်နေလိုက်သည်။

ချန်လီကောက ရီဟွိုင်ရဲ့ လက်တွေကို ဆွဲယူလိုက်ပြီး ပြောလာသည်။

"ရီဟွိုင် မင်းဘာမှဖြစ်လို့မရဘူး"

သူ့လက်တွေကို ချန်လီကော ထိလာတာခံစားရတော့ ပြုံးလျက် ပြောလာသည်။

"သခင် ကျွန်တော် အဆင်မပြေတဲ့နေရာမရှိပါဘူး"

သူဒါကိုပြောပြီးတော့ သူ့မျက်လုံးတွေ မှိတ်ကျသွားခဲ့သည်။

Perfect Destiny Arc7 မြန်မာဘာသာပြန်Where stories live. Discover now