"ဟေ့ ဆင်းကြမယ်...ဒါ မင်းတို့ရဲ့ ကစားကွင်းအသစ်လိုပဲ...အိုခေ"

   တံခါးဖွင့်ပေးသည့် ခပ်တောင့်တောင့် ဦးလေးကြီးက သူပြောလိုက်သည့်စကားနှင့် အဖြစ်အပျက်တချို့ကြောင့် ကြောင်အအ,ဖြစ်သွားရှာသည်။ အကြည့်အားလုံးကလည်း သူတို့သုံးဦးထံတွင် အံ့သြတကြီး စုပြုံလာကြသည်။

    သူတို့သုံးဦးဆိုသည်က အနဂ္ဂနဲ့အတူ ကားပေါ်မှဆင်းလာကြသည့် ထည်ထည်ဝါဝါ ရာဇာနှင်မာယာပင် ဖြစ်၏။ ရာဇာ၏ ကိုယ်ခန္ဓာတစ်ခုလုံးက နက်စွေးနေပြီး မာရာကတော့ ဝမ်းဗိုက်ပိုင်းတွင် အဖြူအနည်းငယ် စပ်၏။ မည်သို့ပင်ဖြစ်စေ အမဲလိုက်မျိုးနွှယ်ဝင်များဖြစ်သဖြင့် သခင်အတိုင်းပယ အရှိန်အဝါအ​ပြည့်​​ဖြစ်သည် ။

    "မင်္ဂလာပါ...သူဌေး"

   အညိုရောင်ယူနီဖောင်းတို့ဖြင့် ဝန်ထမ်းများက တပြိုက်နက် နှုတ်ဆက်​ကြလျှင် ရတယ်ဆိုသည့်သဘောဖြင့် သူလက်တစ်ဖက်ပြလိုက်သည်။ အားလုံးက မလှုပ်မယှက် ကျောက်ရုပ်များလိုပင် ။

   "ဒီလောက်မလိုဘူး....မင်းတို့ကိုယ့်အလုပ်ပဲ ကိုယ်လုပ်ကြ"

   မျက်ခုံးနက်နက်တွေ အောက်ဘက်မှ မျက်ဝန်းစူးစူးတွေကို Black Glare Glasses ဖြင့် ကာရံထားကာ အဖြူခံနှင့် အနက်ရောင် European Suit က အနဂ္ဂထည်၏ ခမ်းနားထည်ဝါမှုကို ပံ့ပိုးပေးနေ၏။ စီးထား​သော Gucci တံဆိပ် အနက်ရောင်သားရေသားဖိနပ်က ထုတ်လိုက်တာ ရက်ပိုင်းပဲရှိသေးသည့် Limited Edition ကြီး ဖြစ်ပါသည်။

   "ရှင်းခိုက်...ငါ့ရုံးခန်းဘေးမှာ သူတို့အတွက် သီးသန့်တစ်ခန်း စီစဥ်ပေး...ပြီးရင် ငါ့ကိုလာတွေ့"

   "ဟုတ်ကဲ့ပါ သူဋ္ဌေး"

     ရာဇာနဲ့ မာယာက ကုမ္ပဏီထဲသို့ လျှောက်လှမ်းသွားသည့် အနဂ္ဂနောက် ထပ်ကြပ်မကွာ လိုက်ဝင်​ကြသည်။ ကျန်နေခဲ့သည့် ဝန်ထမ်းအားလုံးလည်း အခုမှသာ အသက်ရှူချောင်ကြတော့၏။သူတို့၏ သူဌေးအသစ်က အများနဲ့မတူ တမူထူး​ခြားကွဲပြားသည်။ သို့အတွက် ပထမရက်မှာ ရှိန်နေမိတာက သူတို့အပြစ်မဟုတ်ချေ။

   အနဂ္ဂထည်နှင့် မဂ္ဂထည်က ရုပ်ရည်ရူပကာသာ ဆင်ချင်ဆင်မည်။ ပုံစံနှင့် နေထိုင်ပြောဆုံပုံက လားလားမှမဆိုင်သည့် ဘင်္ဂလားညီအစ်ကိုများအလား ထင်မှတ်ရသည်။ အခုပဲကြည့်​ဦး ။ ဘယ်သူဌေးက ခွေးနှစ်ကောင်နှင့်အတူ ကုမ္ပဏီရုံးတက်တယ် ကြားဖူးကြလို့လဲ။

အနက်ရောင် ရပ်ဝန်း-Black Zone(Completed)Where stories live. Discover now