6.1(U)(ပြင်းထန်တဲ့အဖျား)

Start from the beginning
                                    

system-"........"

"ဘယ်လိုအခြေအနေမျိုးကြောင့် သူတို့အထဲမဝင်လာရဲတာလဲ????"

systemက ချန်လီကောရဲ့ အရင်စုံထောက်ကမ္ဘာတုန်းက ပါလာတဲ့ soy sauceအပြုအမူက ခွင့်မလွှတ်စရာပဲလို့ တွေးမိလာသည်။

[T/N soy sauceက  ဂလူးဂလူးမှာရှာလိုက်ရင်
အမဲရောင်အရည်ကြီးတွေထွက်လာလို့ Eလိုပဲရေးထားတယ် ဗန်းစကားအနေနဲ့က သူများကိစ္စတွေလိုက်စပ်စုတဲ့သူကို ပြောတာပါ]

ချန်လီကောရဲ့လက်ရှိအခြေအနေကြီးက သေချာနေပြီး သူ့သီအိုရီကလည်း ပြန်သားနေတယ်လေ။
သူ့လေ့လာချက်တွေကလည်း မှန်ကန်လွန်းနေသည်။ဒီလိုလူက အရင်စုံထောက်ကမ္ဘာတုန်းက ဘာလို့ အပိုင်းနည်းနည်းနဲ့သေရမှာလဲ
သေချာပေါက်ရှင်သန်ခဲ့တာပေါ့...သူအရင်ကမ္ဘာမှာ သေချာပေါက်နောက်ဆုံးအပိုင်းထိ အသက်ရှင်ခဲ့တယ်လေ.....

ချန်လီကောက သူ့ရှာဖွေစုံစမ်းမှုတွေကို ဆက်စပ်လိုက်ပြီး ပြောလာသည်။

"ရီဟွိုင်ကို ကြည့်တာနဲ့တင် သေချာပေါက်....."

systemက သူ့အဖြေကို မျှော်လင့်နေခဲ့သည်။

ချန်လီကောက ဆေးလိပ်ကိုခဲလိုက်ရင်း ပြောလာသည်။

"ပြောကြည့်စမ်း ရှန်းယွီချန်သာဆို ဒါကိုဘယ်လိုသဘောပေါက်မလဲ???"

system- မင်းတောင် သဘောပေါက်မှတော့ ရှန်းယွီချန်က ဘာလို့သဘောမပေါက်မှာလဲ????

"ဒါဆိုလည်း ရီဟွိုင်နဲ့ကိုယ်ရံတော်တွေရဲ့ စကားကိုနားထောင်ကြည့်ရအောင်"

သူက ပြောပြီးသည်နှင့် ဆေးလိပ်သောက်တာရပ်လိုက်ပြီး အဝတ်စားတွေဝတ်ကာ အပြင်ဘက်ကို
ထွက်လာခဲ့သည်။

ရီဟွိုင်က ဧည့်ခန်းထဲမှာ TVကြည့်နေခဲ့သည်။

သူဖန်စတွေပေါ် ဒူးထောက်ခဲ့တဲ့အတွက်ကြောင့်
သူ့ဒူးအရေပြားက ထိခိုက်ဒဏ်ရာအတော်ရခဲ့သည်။ထို့ကြောင့် ဒူးမှာပတ်တီးအဖွေးသားနှင့်ဖြစ်သည်။ဆရာဝန်ကလည်း သူ့ကို လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်မလုပ်ရန် မှာထားလေသည်။

အခန်းကို တခြားလူတွေက ရှောင်သွားကြသည်။
ချန်လီကောက စိတ်ညစ်သွားပြီး သူအရင်က တွေ့ခဲ့သည့် အစေခံများကိုလည်း မတွေ့ရပေ။

Perfect Destiny Arc7 မြန်မာဘာသာပြန်Where stories live. Discover now