အခန်း ၂

270 62 5
                                    

|Unicode|

အပိုင်း ၂

မဖိတ်​ခေါ်ဘဲ​ရောက်ရှိလာတဲ့
နွေဦးရဲ့ကမ်မလီယာတွေပါပဲ။
နှုတ်မဆက်ဘဲ ပြန်ထွက်မသွားဖို့​တော့
မျှော်လင့်ခဲ့မိတယ်။

>>>>>>>

၂၀၂၀ အေပရယ်လ် ၁၆။

"​ဂျောင်ဂု ရောက်တောင်လာပြီလား
ဟျောင်းပြီးခါနီးပြီ ခဏထိုင်စောင့်ဦးနော်"

ပန်းစည်းလေးလုပ်နေတဲ့အချိန် ဂျောင်ဂုကဆိုင်ထဲဝင်လာတာကြောင့် ဂျီမင်လှမ်းပြောလိုက်တယ်။

"ရတယ် ဖြေးဖြေးလုပ်"

နှစ်ပတ်ဆိုတဲ့အချိန်တစ်ခုမှာ သူစိမ်းကောင်လေးလို့သူပြောဖူးတဲ့ဂျောင်ဂုနဲ့ ဂျီမင်ကရင်းနှီးလာတယ်။ ဂျောင်ဂုကဆိုင်ကို မနက်တိုင်း အမေရိကာနိုတစ်ခွက်နဲ့ ရောက်ရောက်လာပြီး ဂျီမင်ပန်းတွေကိုရေလောင်းပေါင်းသင်နေတာကိုလိုက်ကြည့်တယ်။ မရိုးနိုင်အောင် မေးခွန်းတွေထုတ်တယ်။ ပြီးရင်တော့ 'ဒါ ဟျောင်းအတွက်' ဆိုပြီး အမေရိကာနိုတွေအေးစက်သွားတဲ့အချိန်ရောက်မှ ကော်ဖီခွက်ကို ဂျီမင်လက်ထဲထည့်ပေးကာ ပြန်သွားတတ်တယ်။ အေးစက်နေတဲ့အရသာကိုမကြိုက်ပေမဲ့လည်း ဂျောင်ဂုကဝယ်လာပေးတာဆိုတဲ့စိတ်နဲ့ ခွက်ထဲတစ်စက်မှမကျန်တော့အထိ ဂျီမင်ကသောက်ပစ်တယ်။

ညနေပိုင်းဆိုင်ပိတ်ချိန်ရောက်ရင်တော့ အခုလိုမျိုးလာစောင့်နေပြီး ဂျီမင့်ကို စက်ဘီးလေးနဲ့အိမ်ပြန်လိုက်ပို့ပေးတယ်။ ဘာလို့အပင်ပန်းခံပြီး ဒီလိုမျိုးလိုက်ပို့ပေးတာလဲမေးကြည့်တော့ ဂျောင်ဂုအဖြေကရှင်းတယ်။ 'အိမ်မှာပျင်းလို့' တဲ့...။ ဘယ်လိုပဲဖြစ်ဖြစ် ဂျီမင်ကတော့ ပျော်နေတာပါပဲ။

"​ဟျောင်း ဘာတွေတွေးနေတာလဲ"

အတွေးထဲနှစ်မြောနေတဲ့ဂျီမင်က မျက်စိရှေ့မှာလက်ဖဝါးဖြူဖြူလေး လှုပ်ယမ်းပြနေတာကိုမြင်မှ သတိဝင်လာတော့တယ်။

"ဘာမှ ဘာမှမဟုတ်ဘူး"

"​ဟျောင်းပြီးပြီ သွားရအောင်လေ"

Tears of Camellia Where stories live. Discover now