"မသင်ပေးလိုက်ဘူး...ဘာလို့လဲဆိုတော့ ကိုယ့်အဘွားက ကိုယ်ကလေးတုန်းက ဆုံးသွားလို့လေ"

ချန်လီကောက ဝိုင်တစ်ငုံ ထပ်သောက်လိုက်သည်။

"ကိုယ်ဒီတစ်ခေါက် တရုတ်ကိုပြန်လာတာ
မင်းနဲ့တွေ့ဆုံရလို့ ကိုယ့်အတွက် အကောင်းဆုံးသောဆုလာဘ်ကြီးရလိုက်သလိုပဲ"

ချန်လီကောက မေးထောက်လိုက်ရင်း သူ့လက်ထဲက ဝိုင်ခွက်ကို လှုပ်ရမ်းလိုက်ပြီး ပြောလာသည်။

"ငါက မင်းရဲ့ ဆုလာဘ်မဟုတ်ဘူး"

အန်းဂတ်စ်က ဒါကိုကြားတော့ ရယ်လိုက်သည်။
သူက အနီရင့်ရောင် ကော့တေးတစ်ခွက်ကို ထပ်ဖျော်ပေးလျက် ကမ်းပေးလာသည်။

"ဒါလေးစမ်းကြည့်ဦး"

ချန်လီကောက လက်ခံလိုက်ပြီး အရသာခံကြည့်တော့ အရသာက အရမ်းချိုလွန်းနေသည်။သူက
သူ့မျက်ခုံးတွေကို တွန့်ချိုးလျက် ပြောလာသည်။

"အရမ်းချိုလွန်းတယ်"

"ထပ်သောက်ချင်သေးလား???"

ချန်လီကောက နောက်တစ်ငုံထပ်သောက်လိုက်တော့ အရသာကမတူတော့ဘဲ ချိုရာကနေ ပျော့လာသည်။သူ့လျှာတွေကလည်း အဲဒီအရသာကိုအသားကျနေသလို သူ့လျှာထဲမှာ နူးညံ့တဲ့အရသာလေး စွဲနေသည်။

ချန်လီကောရဲ့ မျက်နှာဖြူဖြူလေး နီရဲနေတာ အန်းဂတ်စ်မြင်တော့ သူ့မျက်လုံးတွေ တဖြည်းဖြည်းနဲ့ အခိုးတွေပြည့်လာသည်။သူက စိတ်ချချပြုံးရင်း မေးလာသည်။

"အခုရော ဘယ်လိုနေလဲ???"

"မဆိုးပါဘူး"

အန်းဂတ်စ်က တတိယခွက်ကို ထပ်ကမ်းပေးလာသည်။

ချန်လီကောက သူ့စိတ်ခံနိုင်ရည်ပြိုလဲစပြုလာတာကြောင့် ပြောလာသည်။

"ငါထပ်မသောက်နိုင်တော့ဘူး"

"နောက်ဆုံးတစ်ခွက်"

ချန်လီကောက နည်းနည်းလေးသောက်တာ
ပြဿနာမရှိဘူးဟုတွေးကာ မငြင်းတော့ပေ။

အန်းဂတ်စ်က အပေါ်ပိုင်းမှာ အပြာအရစ်ရယ်
ေအာက်ဆုံးမှာ လိမ္မော်ရောင်ပါတဲ့ ဝိုင်တစ်ခွက် ကိုကမ်းပေးလာခဲ့သည်။

Perfect Destiny Arc7 မြန်မာဘာသာပြန်Where stories live. Discover now