Arc-3.16 Unicode

2.2K 217 14
                                    


host-" ဟင့်....သေနာကြီး....မထိနဲ့....အီးးးး.....ခင်ဗျားမှာချစ်သူရှိတယ်မို့လား.....မထိနဲ့.....သွား......အီးးးး.....ဒေါင်းစားကြီး....သူများကို.....ဦးထုပ်စိမ်းလာစောင်းပေးနေတယ်.....အီးးးး "

ယန်ကျင်း သူ့ကိုရင်ခွင်ထဲထည့်ထားတဲ့ စစ်နတ်ဘုရားဆီမှရုန်းလိုက်သည်။

ကျင်းဝမ်လိ-" ခွေးပေါက်လေးက.....လိမ္မာပါတယ်.....မငိုနဲ့တော့နော်.....တိတ်....ခွေးပေါက်လေး.....ဘာဖြစ်ချင်လဲ.....ကိုယ်အားလုံးဖြည့်စည်းပေးမယ် "

ဝမ်လိ မျက်နှာဖုံးရဲ့အောက်မှာ ငိုရှိုက်သံလေးတွေထွက်လာတဲ့အတွက် ချော့ရပြန်သည်။ သူ့လို စိတ်မရှည်တတ်တဲ့သူက ခုမှစတွေ့တဲ့ ကောင်လေးတစ်ယောက်ကိုတော်တော်လေး အလိုလိုက်အကြိုက်ဆောင်နေမိသည်မလား။

host-" ဖြစ်ချင်တာ.....ဟာ့...ရှိတယ် "

ယန်ကျင်း မော့မော့တစ်ဖြစ် စစ်နတ်ဘုရားဆိုသူရဲ့ ကိုယ်ကို အိပ်ယာပေါ် တွန်းချလိုက်ပြီး သူကတော့ စစ်နတ်ဘုရားရဲ့ ပေါင်ပေါ်မှာ တက်ထိုင်လိုက်သည်။

ကျင်းဝမ်လိ-" ခွေး....ခွေးပေါက်လေး.... "

ဝမ်လိ ရုတ်တရက် တွန်းလဲခံလိုက်ရသဖြင့် ကြောင်အနေတုန်း သူ့ပေါ်တက်လာသည့် ခွေးပေါက်လေး။

host-" မော့မော့....ဟာ့....ခင်ဗျားကြီးကိုမုန်းတယ်....ဟင့်....ဒီလက်တွေနဲ့သူမကို..... ကိုင်ခဲ့တာမလား "

ယန်ကျင်း စစ်နတ်ဘုရားရဲ့ လက်တွေကိုယူရင်း သူ့ရဲ့ခါးသိမ်လေးကို ဖက်စေလိုက်သည်။

host-" ဒီပေါင်ပေါ်မှာ....သူမကိုထိုင်စေခဲ့တာမလား "

ယန်ကျင်း အောက်ပိုင်းကိုအနည်းငယ်လှုပ်ရှားလိုက်တော့ စစ်နတ်ဘုရားရဲ့ အရာနဲ့ပွတ်တိုက်မိသလိုဖြစ်သွားလေသည်။

host-" ဒီနှုတ်ခမ်းတွေနဲ့....သူမကိုနမ်းခဲ့တာမလား "

ယန်ကျင်း မျက်နှာဖုံးကိုချွတ်လိုက်ပြီး စစ်နတ်လုရားရဲ့ နှုတ်ခမ်းတွေပေါ်ကို ယန်ကျင်းရဲ့ နှုးညံတဲ့နှုတ်ခမ်းတစ်စုံဟာ ထိကပ်စေလိုက်ရင်း ပြောလိုက်သည်။ထို့နောက် နောက်ထပ်စကားသံဟာ ထွတ်ပေါ်မလာတော့ပေ။ စစ်နတ်ဘုရားက ရေနတ်ဘုရားလေးရဲ့ နှုတ်ခမ်းတွေကို ပြန်မလွှတ်ပေးတော့ပေ။

system one o six(106) S -1 ( Z &U )Where stories live. Discover now