🌍

ညဘက် လေယာဉ်ချိန်ကို ဖုန်းဆက်ပြီးပြောတော့ ဖုန်းဖြေသည့်အသံလေးက ကြည်လင်နေသည်။ သူချစ်ရတဲ့သူနဲ့ရှိနေရတာပဲ ပျော်နေမှာပေါ့လေ။ လေဆိပ်မှာတွေ့ဖို့ပြောပြီး ဖုန်းချဖို့နှုတ်ဆက်တော့လည်း *Goodnight* လို့ တစ်ခွန်းသာပြန်ပြောပြီး ဖုန်းကို ဘေးမှာတင်လိုက်ပုံရသည်။ ချန်ယောလ်ကို ဘာမှ ထပ်မပြောလာပေမဲ့ သူတို့ချင်းစကားပြောနေသံတွေကြားနေရသည်။ သူများနဲ့ပျော်နေတဲ့ ကလေးရဲ့အသံက ချန်ယောလ်ရင်ကို ပူလောင်စေသောကြောင့် ဖုန်းကိုအမြန်ချလိုက်သည်။

လေဆိပ်အထိ လိုက်ပို့ပေးတဲ့ အရှည်ကောင်ကို မကြည်သလိုတစ်ချက်ကြည့်ရင်း ချာတိတ်ကို လက်မောင်းကနေ ဆွဲခေါ်လိုက်သည်။ အရှည်ကောင်က အကြာကြီးစောင့်မနေဘဲ ပြန်သွားလို့တော်သေးသည်။ မဟုတ်ရင် မျက်စိစူးစရာတွေ လုပ်ပြနေဦးမည်။

"ဘာစားပြီးပြီလဲ ချာတိတ်"

"ကောနဲ့တူတူ ဖက်ထုပ်ပေါင်းစားပြီးပြီ"

"ညတုန်းက ကောင်းကောင်းအိပ်ရရဲ့လား"

"ကောနဲ့တူတူရှိတာပဲ အိပ်ရတာပေါ့"

"အဲ့ဒီ ကော ဆိုတာကြီး ထည့်မပြောလို့မရဘူးလား"

ချန်ယောလ်က တစ်ယောက်တည်းတိုးတိုးပြောမိတော့ ချာတိတ်က မျက်လုံးလေးဝိုင်းပြီးကြည့်လာသည်။

"ဟင် ကျွန်တော့်ကို ဘာပြောတာလဲ မကြားလိုက်လို့"

"ဘာမှမဟုတ်ဘူး ဝင်ရအောင်"

🌍

ဘန်ကောက် ကနေ ပြန်ရောက်ပြီးနောက် ချန်ယောလ်က ချာတိတ်နဲ့ပတ်သက်နေတဲ့လူအကြောင်း သိချင်တာကြောင့် ဂျွန်မြောင်ရဲ့ agency ကို လာခဲ့သည်။ တံခါးခေါက်ပြီး အခန်းထဲဝင်လိုက်တော့ ဂျွန်မြောင်က ချန်ယောလ်ကို အရင်လိုပုံစံနဲ့ ကြိုဆိုတာမျိုးမရှိ။ စိတ်ဆိုးနေသလို လှမ်းကြည့်နေသည်။

"အစ်ကို မတွေ့တာကြာပြီနော်"

"မင်းမလာရင်တောင် အစ်ကိုလာတော့မလို့"

"အရေးကြီးတာရှိလို့လား အစ်ကို"

"ရှိတာပေါ့ ရှိတယ် အစ်ကိုက ချန်ယောလ်ကို စိတ်ချလို့ ယုံလို့ ကလေးကို အလုပ်လုပ်ဖို့ထည့်ပေးတာ
ဒါပေမဲ့ချန်ယောလ်က ကလေးကို အခွင့်အရေးယူတယ်ဆို ကလေးက ပြန်တိုင်တယ်"

BLOGGERWhere stories live. Discover now