အိပ်မက်ထဲတွင် ကိုကြီးနှင့် မြေမခသော,က ဆိုင်းမဆင့်ဗုံမဆင့် ကောက်ယူလိုက်​ကြသေးသည်။ အပြင်မှာတော့ ဆုတောင်းကြ​ဟု စိတ်ထဲတွင်​ရေရွတ်လိုက်သည်။ သူအိပ်ရာထပြီး အောက်ထပ်ဆင်းတော့မည့်အချိန်ထိ ဘေးကုတင်မှ ဟိုနှစ်ကောင်ကတော့ အိပ်ကောင်းနေတုန်း ဖြစ်၏။အမြဲတမ်း စားလိုက်အိပ်လိုက်နဲ့ ဒီနှစ်ကောင်ပဲ သာယာပါသည်။

     "အငယ်ကောင် မင်းနိုးခဲ့ပြီလား"

     "ဟုတ်"

     "ဒီမှာလာထိုင်၊မနက်စာစား"

      "....."

     အနဂ္ဂဟာ ဖခင်ဖြစ်သူ ညွှန်ပြတဲ့နေရာမှာ ဝင်ထိုင်ထိုင်လိုက်ပြီး ကော်ဖီခွက်ကို မော့သောက်လိုက်သည်။

     "ကိတ်က အဆင်ပြေရဲ့လား ညီညီ"

     "မဆိုးပါဘူး"

     "မခ,ရဲ့ လက်ရာလေ...စမ်းလုပ်ကြည့်တာတဲ့"

   "အဟွတ်...အစောတည်းက ပြောရောပေါ့"

   အနဂ္ဂဟာ သူ့အနားမှာရှိနေတဲ့ ကိတ်မုန့်ပန်းကန်ကို ခပ်လှမ်းလှမ်းကို ရွှေ့ပစ်လိုက်၏။ ကိတ်သားက နူးညံ့သော်လည်း ပိုင်ရှင်ကိုတော့ သူလုံးဝ သဘောမကျ​ပေ။

     "မင်း ခွေးနှစ်ကောင်ပါ ပင့်​ဆောင်လာတယ်ဆို...လမ်းမှာ ဘယ်လိုသယ်ပိုးခဲ့သလဲ"

     "လေယာဥ်တစ်စီးလုံး အပြတ်ငှားလိုက်တာလေ...မှောင်ခိုလုပ်နေတာမှ မဟုတ်ဘဲကို...ပြဿနာဖြစ်လည်း ပါးနာမည်သုံးလိုက်လို့ရုံပေါ့"

      "ဟ....အနဂ္ဂထည်...မင်းအဖေငါက စီးပွားရေးသမားနော်။ မင်းကိုယ်မင်း သမ္မတသားများ အောက်မေ့မနေနဲ့"

     "ဟုတ်ကဲ့ပါ ဦးခမ်းထည်ဝါ"

     "အနဂ္ဂထည်..."

     "ရှိ"

     "ဟက်...ဟက်"

     "အ​ကြီးကောင်...မင်းက ဘာရယ်တာလဲ"

     "ဟို...အဖေနဲ့ညီညီက ကလေးတွေ စကားနိုင်လုနေသလိုပဲမို့လေ"

အနက်ရောင် ရပ်ဝန်း-Black Zone(Completed)Where stories live. Discover now