RVTIACF Chapter-(9)

Start from the beginning
                                    

ယိချန်ကိုဝင်ခိုင်းဖို့ငြင်းဆန်ခံရသည့်အခါ သူပို၍ပင်ဒေါသထွက်လာတော့သည်။ သူရုတ်
တရက်ခြေထောက်ကိုမပြီး ဂိတ်ကိုကန်ကာအော်ဟစ်လိုက်သည်။

"ချူရှောင်း..ထွက်လာခဲ့!"

ချုရှောင်းက ဂိမ်းကစားတဲ့အခန်းထဲမှာရှိ​​နေပြီး ချူမိသားစုရဲ့ဂိမ်းကစားသည့်အခန်းမှာ
ကမ္ဘာပေါ်ကအကောင်းဆုံး အသံလုံနံရံတွေရှိကြသည်။ ချူရှောင်းယိချန်အော်ဟစ်နေသည်ကို လုံးဝမကြားရပါချေ။ သူမမျက်နှာထက်မှာအပြုံးတစ်ပွင့်ရှိနေပြီး သူမကစားနေသည့်ဂိမ်းမှာအတော်လေးအထွတ်အထိပ်ရောက်နေပုံရသည်။

ဒါကချူရှောင်းအတွက်တော့ လုံးဝအသစ်ကြီးပဲ။ သူမဂိမ်းခလုတ်ကိုစကိုင်လိုက်ကတည်းက ကမ္ဘာအသစ်တစ်ခုကိုဖွင့်လှစ်လိုက်သလိုမျိုးပင်။ ဒီဂိမ်းကစားနေတဲ့ဆီကနေ
သူမထွက်ခွာသွားဖို့ဆိုတာ မဖြစ်နိုင်ပေ။ သူမဂိမ်းထဲမှာအရမ်းနစ်မြုပ်သွားတာကြောင့် ယိချန်အကြောင်းကိုလုံးဝမေ့လျော့သွားပြီး စိတ်ထဲတောင်ဂရုမပြုမိတော့။

အစေခံတွေကတော့ ဂိတ်မှာယိချန်သောင်းကျန်းနေတဲ့ဆူပူမှုကိုနားထောင်ရင်း အောက်ထပ်မှာစုရုံးလာကြ၏။ သူတို့ကယိချန်ဓာတ်ပုံတွေကို တစ်စစီဆုတ်ဖြဲကိုက်ဖြတ်ပြီးဖြစ်ကာ ချူရှောင်းကိုပေးသော ယိချန်လက်ဆောင်များကိုလည်းခွဲဝေပြီး​ပြီဖြစ်သည်။

သူတို့သခင်တွေကသူတို့အပေါ်ကြင်နာပြီး အမှုထမ်းဖို့လွယ်ကူတာကြောင့် သူတို့ကသခင်တွေကိုသဘောကျသည်။ ဒီလိုဆိုတော့ သူတို့မမလေးကိုလှည့်ဖျားသည့်ယိချန်ကိုစက်ဆုပ်ကြ၏။ သူတို့မမလေးနဲ့ယိချန်ရဲ့တစ်ယောက်ကိုတစ်ယောက်ထားတဲ့ သဘောထားတွေကိုမြင်တဲ့အချိန်မှာ သူတို့ရဲ့လက်ထပ်မှုကကွာရှင်းခြင်းနဲ့ပဲ အဆုံးသတ်မယ်ဆိုတာသိလေသည်။ ရလဒ်အနေနဲ့ ယိချန်သခင်အသစ်ဖြစ်လာမှာကိုစိတ်မပူပေ။ အဲ့ဒါကလည်းယာယီသာဖြစ်မည်ပင်။ အစေခံတွေစုပြီးအတိုချုပ်ဆွေးနွေးပြီးနောက် သူတို့မမလေးဒေါသတွေပုံချတာကိုကူညီဖို့ ဆုံးဖြတ်ခဲ့တော့သည်။

ယိချန်ချူရှောင်းကိုပေးထားခဲ့တဲ့လက်ဆောင်တွေကိုကိုင်ရင်း အစေခံတွေဂိတ်ဆီလျောက်လာခဲ့သည်။ သူတို့ကအစောင့်ကိုဂိတ်ဖွင့်ပေးဖို့တောင်းဆိုပြီး ဖျက်စီးထားတဲ့ဓာတ်ပုံသေတ္တာကြီးကို ဂိတ်အပြင်ဆွဲလာကြပြီး အစေခံထဲကတစ်ယောက်က ရှေ့ကိုလှမ်းလာကာ ယဥ်ယဥ်ကျေးကျေးပြုံးပြီး ပြောလိုက်သည်။

အငြိမ်းစားဗီလိန်မမှ အမြှောက်စာဇတ်ကောင်လေးအဖြစ်သို့Where stories live. Discover now