"ရေမြွေကို ဘာကိစ္စကြောက်ရတာလဲ..."
"ကိုကိုကလဲ..မြင်မြင်ချင်းကို ရေမြွေလားဘာလား ဘယ်လိုလုပ်ခွဲနေနိုင်မှာလဲလို့..။မြွေဆိုတာပဲသိတာပေါ့..။ရေမြွေဆိုတာမခွဲနိုင်သေးခင် အရင်လှည့်ပြေးမိသွားတာ..."
"အဲ့လိုကြောက်တတ်တာကို ရအောင်ထိန်းမယ်လို့ပြောထားတယ်လေ...။ရေမြွေနဲ့တွေ့တာတောင် မထိန်းနိုင်သေးရင် ဘယ်လိုလုပ်မှာလဲ..."
"ဘယ်လိုမှမလုပ်ဘူး...။ကိုကို..."
"ဘာလဲ..."
ခြေထောက်ကအနာကိုသေချာကြည့်နေရင်း ခေါင်းမော့မကြည့်ဘဲ ပြန်ဖြေလာသည့်နေသန်ကိုကြည့်ကာ နိုရာက စိတ်မရှည်တော့သလိုလေသံဖြင့်
"နိုရာ့ကို အိမ်ပြန်ခေါ်မှာလား...။ဒီမှာပဲ ဆူနေတော့မှာလား...။ခဏနေရင် ဖေဖေပြန်လာတော့မှာ မြန်မြန်ခေါ်သွားပေးတော့လို့.."
"ဖေဖေက ဧည့်သည်တွေနဲ့ ပင်းတယဘက်လိုက်သွားတယ်...။မိုးချုပ်မယ်ထင်တာပဲ...။စိတ်ပူမနေနဲ့..မဟုတ်လဲ ဒီလိုဖြစ်သွားတာကို ဖေဖေသိမှာပဲ..."
"ကိုကိုကလဲ.....ဘာလို့ အဲ့လိုတွေခြောက်နေတာလဲလို့...။မဟုတ်ရင်တောင်မှ ဖေဖေ့ကို ကတိဖျက်သလိုဖြစ်သွားလို့ ကြောက်နေပါတယ်ဆို..."
"လျှောက်ပြောမနေနဲ့..။ကြောက်နေရင် ဒီလိုတောင် တစ်ယောက်တည်းထွက္မသွားဘူး...။ဘာလို့ လူမသိအောင်လျှောက်သွားနေရတာလဲ...။ပြောပြီးမှသွားပါလား..."
"ခဏလေးပဲဆိုပြီးတော့ ထွက်လာတာလေ...။ကြည့်ပြီးတော့ ချက်ချင်းပြန်မလို့ကို ဒီလိုဖြစ်သွားတာ...။ကိုကိုက ဒီနေရာကို ဘယ်လိုလုပ်သိတာလဲ..."
"လေးညီကိုမေးလိုက်တာ...။ထတော့ သွားမယ် ဖိနပ်ကိုယူ..."
"မလျှောက်နိုင်ဘူး..."
သို့နှင့်ပင် နေသန်က ခြေထောက်တစ်ဖက်သာထောက်နိုင်သောနိုရာအား သူ့ကိုမှီကာတွဲလျှောက်စေရင်း နှစ်ယောက်သား ယက်ကန်ယက်ကန်နှင့် အိမ်ပြန်လာခဲ့ကြသည်။ထိုသို့ဖြင့် လမ်းတစ်ဝက်အရောက်တွင် မထိန်းနိုင်ဘဲယိုင်သွားသောကြောင့် ကွဲနေသည့်ခြေထောက်ကို ထောက်လိုက္မိသောနိုရာက တစ်ချက်အော်ရင်းကြည့်လိုက်လျှင် သွေးတွေကထပ်ထွက်လာသည်ကိုတွေ့ရကာ ဆက်ပြီးလည်းမလျှောက်နိုင်တော့။ထို့ကြောင့် နေသန်က သူ့ညီမ၏ခြေထောက်ကိုကြည့်ကာ ပခုံးပေါ်သိုင်းဖက်ခိုင်းထားသည့်လက်ကိုဖယ်၍ နိုရာ့ရှေ့တွင် ငုတ်တုတ်ထိုင်လိုက်တော့သည်။
YOU ARE READING
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေး...
You are the only Exception!
Start from the beginning
