You are the only Exception!

Start from the beginning
                                        

သို့နှင့်ပင် စီးလာသောဝေါ့ကင်းရှူးကိုချွတ်ကာ ရေထဲဆင်းပြီး ဟိုဟိုဒီဒီလိုက်ကြည့်နေမိသော နိုရာသည် ပျော်ရွှင်တက်ကြွစွာနှင့် စိတ်ကူးထဲမှာ တိုက်အိမ်ဆောက်နေခဲ့ခြင်းဖြစ်သည်။အတွေးတွေနှင့် ဟိုခုန်ဒီကူးလုပ်နေစဉ် မျက်လုံးထဲမှာ ကျောက်တုံးတွေကြားကနေ လျှောကနဲထွက်လာသော ရှည်မျောမျောအကောင်ကိုမြင်ချိန်မှာတော့ သွေးပျက်ကာ ရုတ်တရက်လှည့်ပြေးလိုက်ချိန်တွင် ခြေချလိုက္မိသောနေရာက ချွန်မြမြကျောက်တုံးပေါ်သို့ဖြစ်သွားရသည်။ကြောက်လန့်တကြားပြေးလိုက္မိသည်ကြောင့် အားရပါးရနင်းချလိုက္မိသောခြေထောက်ကို ကျောက်တုံးအချွန်က ရွှပ်ကနဲ့နေအောင်ပင် အပီအပြင်ထိုးခွဲပစ်လိုက်ခြင်း ဖြစ်လေသည်။အခုတော့ မြင်လိုက်ရသောမြွေဆိုသည်မှာလည်း သူ့လမ်းသူ အေးဆေးသက်သာစွာ ကူးခတ်သွားပြီဖြစ်ကာ ဘယ်​ရောက်သွားမှန်းတောင်မသိတော့ပေမဲ့ နိုရာတစ်ယောက်တည်းသာလျှင် ဟက်တက်ကွဲဒဏ်ရာတစ်ခုနှင့်အတူ စမ်းချောင်းဘေးမှာ အဖော်မဲ့စွာဖြင့် ငုတ်တုတ်လေးဖြစ်နေရသည်။

ဖေဖေပြင်ပေးထားသည့် လွယ်နေကျကျောပိုးအိတ်လည်းပါမလာသောကြောင့် ဆေးထည့်၍မရသည့်ခြေထောက်ကို အသာအယာကိုင်ကြည့်နေစဉ်

"ငနို..."

"ဟင် ကိုကို..."

ခေါင်းမော့ကြည့်လိုက်သည်နှင့် ချစ်လှစွာသောအစ်ကိုဖြစ်သူကိုတွေ့လိုက်ရသည်မို့ ချက်ချင်းပဲပြုံးရွှင်သွားရသောမျက်နှာလေးနှင့်အတူ ဝမ်းသာအားရခေါ်လိုက္မိသည်။နေသန်က နိုရာ့မျက်နှာကိုတစ်ချက်ကြည့်ပြီးနောက် သွေးစို့နေသောခြေထောက်ကိုမြင်လျှင် ချက်ချင်းပဲအနားကိုရောက်လာရင်းမှ ငုတ်တုတ်လေးထိုင်ကာ ခြေထောက်ကိုကိုင်ကြည့်သည်။

"ဘာဖြစ်တာလဲ..."

ထိုအခါတွင် အစောတုန်းက စိတ်ပျက်လက်ပျက်ဖြစ်နေသမျှတွေအကုန်လုံး တစ်မုဟုတ်ချင်းလွင့်စင်ပပျောက်သွားပြီဖြစ်သည့်နိုရာသည် ဟက်တက်ကွဲနေသောခြေဖနောင့်အကြောင်းကို ပျော်ပျော်ကြီးပြောပြလိုက်သည်။

"ကျောက်တုံးထဲကနေ ရေမြွေထွက်လာလို့ လန့်ပြီးတော့ပြေးလိုက်တာ...။နိုရာနင်းလိုက်တဲ့ကျောက်တုံးကြီးက အချွန်ကြီးဖြစ်နေတော့ ဒီလိုဖြစ်သွားတာပဲ..."

You are the only Exception!Where stories live. Discover now