RVTIACF Chapter-(8)

Start from the beginning
                                    

စီးပွားရေးလောကမှာ ​ယိမိသားစုနှင့်ချူမိသားစုက တူညီသည့်စီးပွားရေးအဆင့်တွင်ရှိသည်။ ဒါကြောင့်ချူရှောင်း အရမ်းဒေါသထွက်တဲ့အခါ သူကဘာလို့ချော့ပေးရမှာလဲ? သူ့ကိုပျော်ရွှင်အောင်လုပ်ပေးနိုင်မယ့်အမျိူးသမီးတစ်ယောက်ကိုသာ သူလက်ထပ်ချင်သည်။
ဒါပေမယ့် ချူရှောင်းကိုလက်ထပ်တာကစောစောစီးစီးသင်္ချိုင်းကို တည့်တည့်သွားလိုက်သလိုပင်။ ချူရှောင်းသာရွယ်ဝေ့ရဲ့တစ်ဝက်လောက်ပဲနူးညံနာခံတတ်မည်ဆိုရင် သူတို့ရဲ့စေ့စပ်ပွဲကိုဖျက်ဖို့ရည်ရွယ်မှာမဟုတ်ပေ။

ယိချန်အမျက်ချောင်းချောင်းထွက်နေခဲ့တာကြောင့် သူစကားတစ်လုံးမှမပြောဘဲအဝေးပြေးလမ်းမပေါ်မှာ အရှိန်တင်ပြီးမောင်းနှင်တော့သည်။ ပိုင်ရွယ်ဝေ့ကတော့သူမဘဝလေးဆုံးရှုံးရမှာကြောက်၍ ထိုင်ခုံခါးပတ်ကိုကိုင်ထားလေသည်။

သူမကြောက်နေခဲ့ပြီး ယိချန်အရမ်းဒေါသထွက်နေသည်ကိုသိသည်။ အခုချိန်မှာမည်သည်အရာကမှ သူ့ဒေါသကိုမလျော့ပါးစေနိုင်။ ဒီအတိုင်းဆိုတော့ တိတ်ဆိတ်မှုကိုဆက်ထိန်းပြီး သူမတည်ရှိမှုကိုလျော့ချရန်သာအကောင်းဆုံးကြိုးစားနေခဲ့၏။

ယိချန်ဒေါသထွက်တာကောင်းသည်။ သူဒေါသထွက်လေလေ ချူရှောင်းနှင့်အငြင်းပွားလေလေဖြစ်ပြီး သူတို့ရဲ့အငြင်းပွားမှုကလည်း ပိုတင်းမာလာလိမ့်မည်။ ရလဒ်အနေနဲ့ အဲ့ဒါက သူတို့စေ့စပ်ပွဲဖျက်ဖို့ဆုံးဖြတ်ချက်ကို ပိုပြီးအရှိန်မြှင့်လိုက်လိမ့်မည်။

သူမယိချန်နှင့်အတူနေထိုင်နေပြီး သူတို့နေထိုင်စဥ်မှာလည်းသန္ဓေတားဆေးများမသုံးခဲ့။
ယိချန်သူမကိုကျန်ရှိတဲ့ဘဝသက်တမ်းတစ်လျောက်လုံး ချစ်သွားအောင်လုပ်နိုင်မည်ဟုယုံကြည်ချက်ရှိသည်။ ယိမိသားစုကသူတို့ရဲ့တစ်ဦးတစ်ယောက်တည်းသောမြေးကို တရားမဝင်က​လေးတစ်ယောက်အဖြစ်ခံလိမ့်မည်မဟုတ်ဟု သူမယုံကြည်သည်။

ပိုင်ရွယ်ဝေ့ကလုံးဝစိတ်မပူပေ။ သူတို့ချူမိသားစုဗီလာကိုရောက်တော့ သူမကားထဲကထွက်ပြီး ပိုင်လင်းဆီအမြန်ပြေးသွားသည်။ သူမပူပင်သောကရောက်ပြီးအပြစ်ရှိဟန်ဆောင်ရင်းပိုင်လင်းကိုဖက်ကာ အော်ငိုတော့သည်။

အငြိမ်းစားဗီလိန်မမှ အမြှောက်စာဇတ်ကောင်လေးအဖြစ်သို့Where stories live. Discover now