"သိပါတယ် ရိဖန်ကောနဲ့တူတူပဲ
တစ်ချိန်လုံး ဆူနေတာ
အပြင်ကပဲစောင့်တော့မယ်"

စူပုတ်ပြီး ထွက်သွားတော့ ဂျွန်မြောင်လည်း အလုပ်ကို လက်စသတ်ကာ ရုံးခန်းအပြင်ဘက်ကိုထွက်လိုက်သည်။ အခန်းအပြင်က ခုံတန်းမှာလည်းမရှိသောကြောင့် အောက်ထပ်အထိဆင်းလိုက်ခဲ့တော့ Agency ရှေ့မှာ လူတစ်ယောက်နဲ့စကားပြောနေသော အငယ်လေးကိုတွေ့လိုက်သည်။ သူစိမ်းနဲ့စကားပြောနေတာကို စိတ်ပူသောကြောင့် အမြန်ထွက်ကြည့်တော့ စကားပြောနေတဲ့သူက ချန်ယောလ်ပဲ...။ ချန်ယောလ်က တစ်ခုခုပြောနေပြီး ကလေးက ခေါင်းခါပြီး ငြင်းနေသည်။

"ဂျောင်..."

ဂျွန်မြောင်ခေါ်လိုက်ရင်းနဲ့ ဂျောင်ဆူးနားအထိသွားလိုက်သည်။

"ဘာဖြစ်လို့လဲ ချန်ယောလ်..."

"ကျွန်တော် ချာတိတ်လေးကို ခဏခေါ်သွားချင်လို့ အစ်ကို
ချာတိတ်ဘယ်မှာရှိမလဲမသိလို့ အစ်ကို့ဆီကို လာမေးတာ အခုတွေ့တော့ အတော်ပဲ"

"ဘယ်ကိုလဲ ကိုယ်အခု ကလေးကို ထမင်းလိုက်ကျွေးဖို့"

"သွားလေ အစ်ကို ရတယ်
ကျွန်တော်လည်း လိုက်ခဲ့မယ် ပြီးရင် ကျွန်တော်နဲ့ ခဏထည့်ပေးလို့ရမလား"

"ဘာလို့လဲ"

"ကျွန်တော်မလိုက်ချင်ဘူးနော် ဂျွန်နဲ့ပဲနေမှာ
ဂျွန်က ညနေကျ ပန်းပွဲတော်လိုက်ပို့မှာဆို"

ဂျွန်မြောင်က မလွှတ်ရင် ချန်ယောလ် ခေါ်လို့မရတော့မှာ စိုးသောကြောင့် လာရင်းကိစ္စကို အမြန်ရှင်းပြရသည်။

"ကျွန်တော် Blog တင်ဖို့အတွက် ပြင်နေတာ အစ်ကို
ခရီးက တူတူသွားခဲ့တာဆိုတော့ ချာတိတ်ဆီက idea လေးနည်းနည်း လိုချင်လို့ပါ
မကြာပါဘူး ခဏပဲခေါ်မှာ"

"မလိုဘဲ သက်သက်ခိုင်းစားတာမလား
ခင်ဗျားဘာသာတစ်ယောက်တည်းရေးပြီး တင်ပါလား
ကျွန်တော်ကဘာလို့အကြံလိုက်ပေးနေရမှာလဲ"

"ဂျောင် အဲ့လိုမပြောရဘူးလေ
ဂျောင်လေးနဲ့တူတူသွားတဲ့ခရီးပဲကို ဂျောင်လေးက Blog အဆုံးထိ ကူညီရမှာပေါ့...
ချန်ယောလ်က ကလေးကို ပန်းပွဲတော်မီအောင် ကိုယ့်ဆီပြန်ပို့မယ်ဆို ကိုယ်ခွင့်ပြုပါတယ်
အချိန်မမီဘူးထင်ရင်တော့ နောက်နေ့မှ လာခေါ်လိုက်လေ"

BLOGGERWhere stories live. Discover now