သူမမျက်ရည်အနဲငယ်သုတ်လိုက်ပီး
"တိုက်ဆိုင်လိုက်တာနော်"
ဂူရှီးယွီကဘာမှပြန်မပြောဘဲ ပြုံးသာပြုံးနေလိုက်သည်။
ဇာတ်လိုက် ဒါမှမဟုတ် ဇာတ်လိုက်မနဲ့အမှတ်မထင်ကြုံကြိုက်တာကသိပ်ပျော်စရာကောင်းတာတော့မဟုတ်ဘူး။
ပုံမှန်ဆို ဇာတ်ကြောင်းထူးထူးခြားခြားဖြစ်တဲ့အချိန်မှ ဇာတ်လိုက်တို့နဲ့ကြုံရတာ။
သူတိုင်းပြည်Fမှာရှိနေတုန်း ဘယ်ကိစ္စတွေထပ်ဖြစ်မလဲဆိုတာမသိနိုင်ဘူး။
ချင်ချန်းချန်းရှေ့ကိုတွန်းပို့လိုက်တဲ့ဗူးလေးကိုဖွင့်လိုက်တယ်။
အဲ့တာကတော့ လီမွန်အရသာကိတ်မုန့်လေးဖြစ်တဲ့အပြင် ကိတ်ပေါ်မှာဦးထုပ်ဆောင်းထားတဲ့အ၀ါရောင်ကြောင်လေး ဒီဇိုင်းဖော်ထားတယ်။

"တိုက်တိုက်ဆိုင်ဆိုင်ဆုံတယ်ဆိုတော့ ဒါလေး၀ယ်ကျွေးပါရစေ၊စားပါ"

"ဒါက...."
ချင်ချန်းချန်းတယောက်ရှက်သွားသည်။
သူမငြင်းချင်နေတယ်ဆိုတာသိတော့ ဂူရှီးယွီကကော်ဖီအေးတခွက်မှာယူလိုက်ပီး ချင်ချန်းချန်းနဲ့မျက်နှာချင်းဆိုင်မှာထိုင်ကာ
"ဒါကျီချင့်ပိုက်ဆံနဲ့၀ယ်တာပါ၊အားမနာပါနဲ့"
ချင်ချန်းချန်းကတော့မနိုင်ဘူးဆိုတဲ့ဟန်နဲ့ထပ်မပြောတော့ပေ။
သူ့လက်ထဲကကော်ဖီအေးခွက်ကိုကြည့်ကာ နားမလည်တဲ့ပုံနဲ့
"အပြင်မှာနှင်းကျနေတယ်လေ၊ရှင်မအေးဘူးလား"

"မအေးပါဘူး"
ပြောနေရင်းဂူရှီးယွီကကော်ဖီအေးထဲကိုရေခဲတုံး၁တုံးကောက်ထည့်လိုက်သေးသည်။
ချင်ချန်းချန်းမသိစိတ်ကြောင့် သူမ၀တ်ထားတဲ့ဂျာကင်အထူကြီးကိုမသိမသာဆွဲကိုင်လိုက်သည်။
သူတကယ်ကြီးအေးတယ်လို့မခံစားရဘူး...
ပီးတော့သူ အအေးသောက်ရတာနှစ်သက်တယ်...
အပြင်ကရာသီဥတုကသူအနေနဲ့အနေတော်လေးပါပဲ...

ဂူရှီးယွီကချင်ချန်းချန်းဒီမှာတယောက်တည်းဘာလုပ်နေတာလဲလို့မမေးပေမယ့် သူမကိတ်မုန့်တကိုက်ကိုက်ကာစိတ်ညစ်နေတဲ့ပုံနဲ့
"ကျွန်မလေ ဘော့စ်နဲ့Clientတွေ့ဖို့ချိန်းဆိုတဲ့ကိစ္စသေးသေးလေးကိုတောင်ဖြစ်မြောက်အောင်မလုပ်နိုင်ဘူး။
ကျွန်မအရမ်းညံ့တာပဲ"
ဂူရှီးယွီထင်သလိုပဲ ချင်ချန်းချန်းကကျီဇီရွှမ်နဲ့အလုပ်မှာပဋိပက္ခအနဲငယ်ဖြစ်ခဲ့ပုံပဲ။

ဗီလိန်ကငါ့Systemကို၀င်စီးသွားတယ်{မြန်မာဘာသာပြန်}Where stories live. Discover now