Part (46) (ကြောင်ငပျင်းလေးက အရက်သောက်တာကိုမကြိုက်ဘူးတဲ့)

Start from the beginning
                                    

Keyရဲ့မျက်လုံးတွေက ဝါယာကြိုးတစ်ခုဆီသို့ရောက်သွားပြီးနောက် ကြီးမားသောအပြုံးတစ်ခုဖြစ်ပေါ်လာသည်။ ထိုဝါယာကြိုးကိုယူကာ လျင်မြန်သောလှုပ်ရှားမှုဖြင့် လက်ဦးမှုယူလိုက်သည်။

" အားးးးး "

ရဟန်ခွန်းသသည် ရေစက်များကြောင့် ခြေချော်ကာ ကြမ်းပြင်ပေါ်မှောက်လျက်လဲကျသွားပြီးနောက် မူးဝေသွားသည်။ နဖူးကလည်း ပူခနဲဖြစ်သွားပြီးနောက် ကြမ်းပြင်ပေါ်သို့ အစက်ကလေးများကျလာသည်။ မျက်စိပြာနေတုန်းက ရေတွေလို့ထင်ခဲ့ပေမယ့် သွေးတွေဖြစ်နေသည်။ အရှိန်နှင့်ဝင်လုံးသည့် Keyကလည်း မှောက်လျက်လဲနေသူအပေါ် ခွထိုင်ကာ လက်နှစ်ဖက်ကိုနောက်ပြန်ဆွဲယူ၍ ဝါယာကြိုးနဲ့တွဲချည်ပစ်လိုက်သည်။

" Key!!! ဒါဘာလုပ်တာလဲ "

" မင်းကရော ဒီမှာဘာလုပ်တာလဲ "

" ငါဒီမှာနေတာ ဘာလဲ မင်းကငါ့ကိုသူခိုးထင်နေတာလား ဒီရုပ်ဒီရည်ကိုလေ "

" ဟုတ်တယ် "

" ကျစ် ငါ့ကိုကြိုးဖြေပေး Key ဒီမှာနာနေပြီ "

လှည့်ကြည့်လာတဲ့တစ်ယောက်ရဲ့နဖူးမှသွေးတွေကိုမြင်ပေမယ့် Key သူ့လက်ကိုဖြည်မပေးသေးပေ။ သကောင့်သားကိုဆွဲထူတော့ ခါးမှာပတ်ထားတဲ့တပတ်ပိုင်းလေးက ပိုင်ရှင်မဲ့စွာ အထီးကျန်နေတော့သည်။ တပတ်ပြေသွားတာနဲ့ ခါးအောက်ပိုင်းက တလက်လက်တောက်ပနေတဲ့မီးချောင်းကြောင့် Keyမျက်စိတောင်ကြိမ်းသည်။ အရင်က မြင်နေကြမို့လို့ ကိစ္စမရှိသော်လည်း ဒီတစ်ခါကမတူ ၊ အဲ့ဒါကြီးက ခန္တာကိုယ်အတွင်း သုံးကြိမ်နီးပါး အလည်အပတ်ရောက်လာခဲ့ဖူးသည်။ ဘယ်လိုစိတ်နဲ့ အဲ့ဒါကိုကြည့်နိုင်မလဲ။ တွေးကြည့်တာနဲ့ စိတ်ဆင်းရဲလွန်းလို့။

" ကြည့်လို့ကောင်းလား ဒီမှာအအေးပတ်တော့မယ် မင်းသိလား အဲ့ဒါကအေးရင်ကြုံ့တယ်ကွ ၊ ငါက မင်းအနာဂတ်မှာနောင်တရမှာ စိတ်ပူလို့ပါ "

" အရှက်မရှိလိုက်တာ "

Key မျက်နှာတစ်ပြင်လုံးပူထူသွားပေမယ့် အသားညိုသူမို့သိသာမှမဟုတ်။ နေစမ်းပါဦး ၊ ရဟန်ခွန်းသတစ်ယောက် ဘယ်တုန်းက အရှက်သိက္ခာကင်းမဲ့သွားရတာလဲ။ အနာဂတ်အတွက်တဲ့ ၊ ပြောချင်တာက သူရှေ့ဆက်ပြီး ဒီလိုတွေလာပတ်သတ်ဦးမယ့်သဘောပေါ့။ ရုပ်ကိုကြည့်တော့ ပြုံးစိစိနှင့် မျက်စိဆံပင်မွှေးစူးချင်စရာကောင်းသည်။

ASTILLBE (Completed)Where stories live. Discover now