"မှာထားပြီနော် ခဏစောင့်ဦး"

"အင်း"

အခန်းထဲက ဆိုဖာပေါ် ပြေးတက်ပြီး ခြေထောက်နှစ်ချောင်းကို ဆိုဖာနောက်မှီပေါ်တင်ကာ ကို့ရို့ကားယားလုပ်နေပြန်သည်။
ဘယ်လိုဟာလေးမှန်းကိုမသိဘူး။ ချန်ယောလ် ရေချိုးခန်းထဲဝင် ကိုယ်လက်သန့်စင်ပြီး အခန်းထဲကပြန်ထွက်လာတော့ ချာတိတ်က မုန့်စားနေပြီ။

"ဖြည်းဖြည်းစား ပြီးရင် လေဆေးပါသောက်အိပ်လိုက်"

"မနက်စောစော မထလို့မရဘူးလား အိပ်ရေးမဝဘူး"

"ချာတိတ်ရယ် မင်းဟာက မလွန်လွန်းဘူးလားကွာ
ငါ့ကို သက်သက်များရစ်နေတာလား
ဗိုက်ဆာရတာနဲ့ အိပ်ရေးမဝရတာနဲ့ အမျိုးကိုစုံနေတာပဲ"

"ရမလားလို့ မေးကြည့်တာပါ
မရရင်လည်းနေပေါ့ စားပြီးပြီ အိပ်တော့မယ်"

ရေချိုးခန်းထဲ စောင့်အောင့်ဝင်သွားပြီး ခဏကြာတော့ ပြန်ထွက်လာသည်။
စားပွဲပေါ်တင်ပေးထားတဲ့လေဆေးကို ယူသောက်ပြီး စောင်ခေါင်းမြီးခြုံအိပ်သွားတဲ့ ချာတိတ်ကို ကြည့်ရင်း ပြုံးလိုက်မိသည်။

"Goodnight ချာတိတ်လေး"

စကားပြန်မလာတော့တဲ့ကောင်လေးက စိတ်ကောက်သွားပြန်သည်ထင်ပါသည်။
အလုပ်နဲ့ပတ်သက်လို့တော့ ချန်ယောလ်က အလျော့ပေးချင်စိတ်မရှိပါ။
လည်ပတ်စရာများတဲ့နေရာမှာ မနက်စောစော ထမှ သာ အဆင်ပြေမည်လေ။
အခုဆိုရင်ပဲ ၂ ညအိပ်ပြီးပြီ။ ဒီမှာထပ်နေဖို့ ၁ ရက်နဲ့ နေ့တစ်ပိုင်းသာ ကျန်သည်မို့ ရသမျှအချိန်ကို Blog ကောင်းကောင်းရဖို့ အကျိုးရှိရှိ အသုံးချရဦးမည်။

🌍

"ဂျွန် ကျွန်တော် မနက်ဖြန် ည ပြန်ရောက်မှာ..
အရမ်းလွမ်းနေပြီ... ကျွန်တော်ပြန်လာရင် အားအောင်လုပ်ထားနော်...
အဆင်ပြေပါတယ် ဂျွန်စိတ်မပူနဲ့ အင်း အင်း ဒါပဲနော်.."

ချန်ယောလ် အပြင်ထွက်ဖို့ လိုအပ်တာတွေ ပြင်နေတုန်း ဂျောင်ဆူးက ဂျွန်မြောင်နဲ့ ဖုန်းပြောနေသည်။
ဒီမှာ ဒီလောက် လည်ပတ်နေရတာတောင် သူက ဂျွန်မြောင်ကို အချိန်အားအောင်လုပ်ထားဖို့ပြောနေသေးသည်။
တော်တော် အပျော်မက်တဲ့ကောင်လေး။

BLOGGERWhere stories live. Discover now