တစ်ချို့လူတွေက မွေးကတည်းက ဒီလိုအလုပ်မှာ ပါရမီပါလာတဲ့သူတွေပင်...ထို့အပြင်
ရီဟွိုင်ကလည်း သူတို့ထဲက တစ်ယောက်သာဖြစ်သည်။

ချန်လီကောသူ့ကို သင်ပေးသည့်ပညာရပ်တိုင်းမှာ ကျွမ်းကျင်အဆင့်သို့ပင် ရောက်နေပြီဖြစ်သည်။
သူ့ရဲ့အပစ်အခတ်စွမ်းရည်မှာ ပိုမိုတိုးတက်လာပြီး ချန်လီကောပင် သူ့ကိုလက်ခုပ်သြဘာတီးပြီး
မချီးကျူးဘဲမနေနိုင်တော့......

လေ့ကျင့်ရေးအပြီး တစ်နေ့မှာ ချန်လီကောက
သူ့ကိုမေးလာသည်။

"မင်းငါနဲ့သာ မတွေ့ခဲ့ရင် အခုချိန် ဘယ်လိုများ
ကြီးပျင်းခဲ့မလဲ??"

ရီဟွိုင်က စိတ်ရှုပ်သွားပြီး ချန်လီကောကို
ကြည့်ပြီး တွေဝေသွားသည်။သူက ရှက်သွားသလို ဖြစ်ပြီးပြောလာသည်။

"ကျွန်တော် ကျွန်တော် ပန်းချီဆရာဖြစ်နေမှာ"

အံ့သြစရာအဖြေပဲ...ရီဟွိုင်ရဲ့ပုံသဏ္ဍာန်နဲ့
သူ့မျက်လုံးတွေဟာ ပန်းချီဆရာအသွင်အပြင်နှင့်
ဘယ်လိုမှ အပ်စပ်မနေ.......

"ဒါပေမဲ့ အခုကပိုကောင်းပါတယ်...ဆရာရှန်းနဲ့တွေ့ရတာ ကံအကောင်းဆုံးပါပဲ"

ရီဟွိုင်က သေနတ်ကိုသုတ်ရင်း ညင်သာစွာ
ပြောလာသည်။

ချန်လီကောက ကြည်နူးသွားပြီး ညရောက်တော့
systemကို ပြောလာသည်။

"ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရတာလည်း ပျော်စရာကောင်းသားပဲနော်"

system-မင်းအများကြီး မပျိုးထောင်ဖူးဘဲနဲ့များ
မင်းထင်သလောက် မလွယ်ဘူးကွ

ချန်လီကောက အံကြိတ်စွာနဲ့ပြောလာသည်။

"အဲဒီချန်းရှီးလည်း ဟော်မုန်းတွေစားပြီး ငါ့ကိုစားနိုင်အောင် မြန်မြန်ကြီးပြင်းလာတာပဲလေ"

ဟုတ်တယ် ချန်းရှီးလည်း တစ်နှစ်တည်းနဲ့ အရွယ်မြန်မြန်ရောက်လာပြီး ဖြူစင်တဲ့ကလေးငယ်မဟုတ်တော့ဘူး။

[T/N ချန်းရှီးဆိုတာ Arc5မှာ ချန်လီကောမွေးစားပြီး သူ့ကိုပြန်စားသွားတဲ့ သူ့မွေးစားသား gongနာမည်ပါ😆]

ချန်းရှီးအကြောင်းပြောတော့ systemက
သူကြုံတွေ့ခဲ့ရတဲ့ အိပ်မက်ဆိုးကို သတိရလာပြီး
သက်ပြင်းတွေချလိုက်သည်။ကံကောင်းတာက
ထိုကမ္ဘာပြီးသွားလို့သာ....

Perfect Destiny Arc7 မြန်မာဘာသာပြန်Where stories live. Discover now