Xiao Zhan တစ်ယောက် ခန္ဓာကိုယ်က ပေါ့နေသလို ခံစားရလို့ သေပြီအထင်နဲ့ မျက်လုံး ဖွင့်ကြည့်လိုက်တော့ ပတ်ဝန်းကျင်ပုံစံက အပြာရောင်နဲ့ ခရမ်းဖျော့ရောင်တို့ ရောနှောထားပြီး ရေလှိုင်းလိုမျိုး အသွင်ပုံသဏ္ဍာန် နဲ့ စကြာဝဠာ ထဲကိုရောက်နေသလိုမျိုး အနေအထားမှာရှိတယ် ။ ရှောင်းကျန့် တစ်ယောက်ငေးနေတုန်း ကြည်လင်တဲ့ အသံတစ်သံ ပေါ်လာတယ်။
{ ငေးလို့ဝပြီလား ရှင့် }
" မင်းက ဘယ်သူလဲ "
{ Ni Hao စိတ်ကူးယဉ်နယ်မြေထဲကနေ ကြိုဆိုလိုက်ပါတယ် ။ Host ဝိဉာဉ်က စိတ််ကူးယဉ်နယ်မြေတစ်ခုထဲ ရောက်ရှိနေတာ ဖြစ်ပါတယ် ။ }
" အဲ့တာဆို ငါက သေသွားတာလား "
{ ဟုတ်ပါတယ်တစ်ဝက် မဟုတ်ပါဘူး တစ်ဝက်ပါ ။ အခုလက်ရှိ Host ရဲ့ မူလခန္ဓာ ကိုယ်က အကြောင်းအရင်းတစ်ခုကြောင့် ခဏတာ ပျောက်ကွယ်နေပါတယ် ။ Host လုပ်ဆောင်ရမဲ့ missions တွေကို လုပ်ဆောင်ပြီး ရင်တော့ ခန္ဓာကို ပြန်ရမှာပါ ။ ထွက်လမ်းမရှိပါဘူး ။ ဒါပေမဲ့ ကျရှုံးရင်တော့ ထာဝရ ပျောက်ကွယ်သွားမှာပါ }
" ဘယ်လိုတောင်လဲ အဲ့တော့ ငါက ဘာလုပ်ရမှာလဲ "
{ အခု ထျန်းဝမ် ဓာတ်လုံး နဲ့ ကျန်တဲ့ ရတနာ လက်နက်တွေက ကံကောင်းစွာနဲ့ ဒီနယ်မြေထဲရောက်ရှိနေပါတယ် ။ ထျန်းဝမ် ဓာတ်လုံးတွေက ကာကွယ်ဖို့အတွက် ခွဲခြမ်းစိတ်ဖြာခြင်း ခံလ်ုက်ရပြီးတော့ အပိုင်းအစတွေ အဖြစ် ခွဲထွက်လာပါတယ် ။ ရေ ၊ လေ ၊ မြေ နဲ့ မီး ကျောက်တုံးတွေ အဖြစ်ပါ ။ ပြီးတော့ ကျန်တဲ့ ရတနာတွေကတော့ ဒီအတိုင်း မူလပုံမပျက်ပါဘူး ။ ဒါပေမဲ့ တကွဲတပြားစီ ပျံ့နံ့သွားတာကြောင့် Host တာဝန်က အဲ့တာတွေကို ပြန်ရှာ စုစည်းပြီး ကောင်းကင်ဘုံ ကိုကျူးကျော်လာတဲ့ လူတွေကို ပြန်လည် တိုက်ထုတ်သိမ်းပိုက်ရမှာ ဖြစ်ပါတယ် ။ mission ပြီးဆုံးချိန်က ရတနာတွေ အားလုံးပြန်လည် စုစည်းပြီးချိန် ဖြစ်ပါတယ် ။ တစ်ခု မှကျရှုံးလို့မရဘူး ။ ကျရှုံးရင် သေမှာဖြစ်ပါတယ် ။ Host မေးချင်တာရှိရင်မေးလို့ရပါပြီ }
" ငါ့စွမ်းအားတွေက ဒီနယ်မြေမှာ အကျုံးဝင်လား ပြီးတော့ မင်းနာမည်ဘယ်လိုခေါ်လဲ စကားပြောတဲ့ ပုံစံက ငါသိတဲ့ တစ်ယောက်ယောက်နဲ့ တူနေတယ် "
{ Host စွမ်းအားတွေက ဒီနယ်မြေမှာ သက်ရောက်မှုမရှိပါဘူး အရာအားလုံးကို 0 ကနေစရမှာပါ တစ်ကမာ႓ပြီး တစ်ကမ႓ာပိုရောက်လေ စွမ်းအားပိုမြင့်မှာပါ ပြီးတော့ ကျမက အခု စွမ်းအားမရှိတဲ့ system ဖြစ်နေလို့ ရုပ်က ပေါ်မလာသေးပါဘူး upgrade မြင်ပြီးရင်တော့ မြင်ရမှာပါ Jin Yu ပါ နာမည်က Jin လို့လည်းခေါ်လို့ ရပါတယ် }
"အိုကေ လေ အခုဘာလုပ်ရမလဲ "
{ ပထမကမ႓ာမှာတော့ ခက်ခဲတာတွေမရှိသလို mission ကလည်းလွယ်ပါလိမ့်မယ် အဆင်သင့်ဖြစ်ရင်ပြောပါ Jin ပို့ပေးပါ့မယ် Jin ကHost ဘေးနားမှာ အမြဲရှိနေမှာ ဖြစ်တဲ့ အတွက် စိတ်ပူစရာမလိုပါဘူး }
" အာ့ဆို သွားရအောင် Jin yu "
{ ပထမ ကမ႓ာကို စတင်ပို့ဆောင်ပါပြီ ။ ကံကောင်းပါစေ Host }
Jing05
25日11月2021年
JE LEEST
Jin Yu System
FantasyYiZhan English Name : Gold Fish System Chinese name : 金鱼 System Start date: 20.11.2021 End Date : ??? Jing05
