ထျန်းဝမ် ဓာတ်လုံး ကိုစောင့်ရှောက်တဲ့ သူဟာ အလွန်တရာမွန်မြတ်သန့်စင်ပြီး ခန္နီပါရမီပြည့်ဝရမယ် ။ ပညာအရည်အချင်းမြင့်ပြီး သိုင်းအရည်အသွေးဟာလည်း ပြည့်ရမယ် ဒီအချက်တွေနဲ့ကိုက်ညီတဲ့ လူဆိုရင် လနတ်သား ရှောင်းကျန့်နဲ့ ရွှေငါး နတ်သမီး ကျင်းယွီတို့ မောင်နှမဘဲ ဖြစ်တယ် ။ ရေနတ်မင်း ဆွေဖုန်းမြင့် နဲ့ လနတ်သမီး ယွဲ့မင် တို့ကနေပြီး ရှောင်းကျန့်နဲ့ ကျင်းယွီ တို့ကိုမွေးဖွားခဲ့တယ် ။ အကြီးဆုံးသားတော် ရှောင်းကျန့် ကတိုက်ရည်ခိုက်ရည်မှာ နှစ်ယောက်မရှိတဲ့ စစ်သည်တော် တစ်ဦးဖြစ်ပြီးတော့ သုံးလောကမှာ ပြိုင်ဘက်ကင်းပြီး အေးချမ်းတဲ့မျက်နှာတော်ပိုင်ရှင် ၊ စိတ်သဘောထားကောင်းမွန်ပြီးတော့ ကျင့်စဥ္ တွေ ဆုံးခန်းတိုင်သွားတဲ့ တစ်ဦး နတ်ဘုရားတစ်ပါး ။ ဖခင်ဖြစ်သူ ရေနတ်မင်းရဲ့ အရိုက်အရာကို ဆက်ခံဖို့ အစွမ်းတွေနဲ့ပြည့်ဝရုံမက မယ်တော် လနတ်သမီးရဲ့ အမွေအစွမ်းကိုပါဆက်ခံပြီး ဘွဲ့တော်ကို လနတ်သားဘွဲ့ ခံယူတယ် ။ ကျင်းယွီ ကတော့ အတိုက်အခိုက် ကျွမ်းကျင်ပေမဲ့ အကိုတော် ရှောင်းကျန့်ကိုတော့ မမှီနိုင်ဘူး ဒါပေမဲ့ စိတ်ဓာတ်ရေးရာကလည်း ကွဲပြားသေးတယ် ရှောင်းကျန့်က စကားနဲ့ဖြေရှင်းမယ်ဆိုရင် သူမက လက်နက်နဲ့တန်းဖြေရှင်းပြီးတာမျိုး သူ့အကိုတော်ကို မျက်နှာတစ်ကမ္ဘာ ပါဘဲ နှစ်ယောက်သားက စည်းလုံးတာကြောင့် ဘယ်သူမှသူရဲကောင်း သတ္တိရှိသော ဘွဲ့ ခံယူပြီး ထို မောင်နှမ ၂ယောက်ကို မထိရဲပေ ။ ကောင်းကင်နတ်မင်းရဲ့ခောက်ခံမူကို အပြည့်အဝရရှိပြီး အဟုံကြည်ရဆုံး လူယုံ နှစ်ယောက်ဆိုလည်း မမှားပေ ။ ထျန်းဝမ် ဓာတ်လုံးစောင့်ရှောက်ဖို့ကို တာဝန်ပေးအပ်ခဲ့ တယ် နတ်ဘုံရဲ့ အမြင့်ဆုံးနေရာမှာ စွမ်းအား ၇နှစ်ထပ်နဲ့ ကာရံပြီးတော့ အစောက်အရှောက် အပြည့်နဲ့ ရှောင်းကျန့်တို့ မောင်နှစ်မနှစ်ယောက်က စောင့်ရှောက်ရတယ်။ တနေ့မှာ ဝိဥာဏ်လောကက ဘုရင်က အကြောက်အလန့်မရှိ ထျန်းဝမ် ဓာတ်လုံးကို လာခိုးယူဖို့ကြံစည်တယ် ။ မအောင်မြင်တာထက် အနားတောင်မကပ်လိုက်ရသေးဘဲ ရှောင်းကျန့်ရဲ့ လက်တစ်ဝှေ့မှာ ပြန်မဝင်စားနိုင်တဲ့ အထိဝိဥာဏ်ပါ တစ်စဆီ အစရှာမရဖြစ်သွားတယ်။ နောက်လာပြီး ခိုးဖို့ကြံရွယ်သူတိုင်း အသေဆိုးနဲ့သေဆုံးသွားခဲ့ရတယ် အဲ့ထဲက တစ်ယောက်က မသေခင် ရှောင်းကျန့်ကို ကျိန်စာတိုက်သွားတယ် " ငါ အသူရာမင်း မင်းရှောင်းကျန့်ကို ကျိန်စာ တိုက်တယ် မင်းချစ်ရသူရဲ့ သေဆုံးခြင်းကို မကာကွယ်နိုင်ဘဲ လေးဘဝလုံး သေဆုံးမှုကို မြင်တွေ့ပြီး ခံစားရပါစေ "
20日11月 2021年
Jing05
YOU ARE READING
Jin Yu System
FantasyYiZhan English Name : Gold Fish System Chinese name : 金鱼 System Start date: 20.11.2021 End Date : ??? Jing05
