အမှောင်တရားတို့ရဲ့ သခင် လင်းနို့မိစ္ဆာက ထျန်းဝမ်ဓာတ်လုံးကို ယူဖို့အတွက် အစီအစဉ်ချနေတယ် အဲ့အစီအစဉ်ကတော့ သွေးထိုးရေး အစီအစဉ်ဘဲ ။ နတ်ငယ်တွေကို သွေးထိုးပြီး ပုန်ကန်ချင်လာအောင်လုပ်တယ် ပြီးတော့ မက်လုံးတွေပေး စွမ်းအားတွေရဲ့ ခမ်းနားကြီးကျယ်မှုတွေအကြောင်းပြောပြီးတော့ စည်းရုံးစေတယ်။
အဲ့လိုမတည်မြဲတဲ့အချိန်မှာ ကောင်းကင်နတ်ဘုရား ဝမ်လုံ ရဲ့ မိဖုရားက ကိုယဝန်ရှိလာခဲ့တယ်။ ဒီလို နဲ့ အချိန်တစ်ခုကြာတော့ နတ်ငယ်တွေက သွေးထိုးစကားတွေကြောင့် နတ်ဆိုးတွေဆီ လက်အောက်လာခံတဲ့ နတ်သားအရေအတွက်တွေများပြားလာတယ် စောင့်ရှောက်သူတွေထဲက အချို့လည်း ပုန်ကန်မှုတွေ ထဲမှာပါဝင်လာကြတဟ် ။ အဲ့လိုနဲ့ တစ်နေ့မှာ ပုန်ကန်မှုကြီးပေါ်ပေါက်လာတော့တယ် ။ ကောင်းကင်နတ်မင်းကြီးဆီမှာ ကျန်ခဲ့တာဆိုလို့လေနတ်သားရယ် ရှောင်ကျန့်တို့ မောင်နှမ ဘဲကျန်ခဲ့တော့တယ် အဲ့တာနဲ့ တိုက်ပွဲကြီးစတင်ခဲ့တယ် ။
လင်းနို့မိစ္ဆာ : " အို နတ်ပြည်ရဲ့ အတော်ဆုံး နဲ့ စောင့်ရှောက်သူကြီး လနတ်သား ရှောင်းကျန့် ပါလား ။ ကျွတ်တော်မျိုးမ ဇီဝိန်ချွေပေးဖို့ရာ အတွက် အလွန် ဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်း နှုတ်ဆက်စကားလေး တော့ ပြောခွင့်ပေးပါ့မယ် ပြောကြည့်ပါလား လနတ်သား ဒီ အခွင့်အရေးက ရခဲပါတယ် "
ရှောင်းကျန့် : " ခင်ဗျား အိမ်မက်က နိုးထသင့်ပြီ လင်းနို့မိစ္ဆာ " ဆိုပြီး လက်တစ်ချက် ဝှေ့လိုက်တာနဲ့ ရတနာ စီခြယ်ထားတဲ့ ဆွေပြန့် ဓားကြီးပေါ်လာတဟ် ပြီးတော့ လေပေါ် သုံးပတ်ရစ် ပျံဝဲပြီး အသင့်အနေအထား နဲ့ ရှိနေတယ် ။ လင်းနို့မိစ္ဆာ ကလက်အောက်ငယ်သား တစ်သိန်း ကို လွှတ်ပြီး ရှောင်းကျန့်နဲ့ တိုက်ခိုက်စေတယ် ။ ရှောင်းကျန့် လည်းပြန်လည်ခုခံပေမဲ့ တစ်သိန်းနဲ့ တစ်ယောက်အားဆိုတော့ အင်အား နည်းလာတယ် ကျင်းယွီ ကတော့ ထျန်းဝမ် ဓာတ်လုံး နေရာမှာ အကာအကွယ်ယူထားတယ် ။ ပြီးတော့ ကျင်းယွီက မူလ အကာအကွယ်ကို ၃ ဆတိုးပြီး ရှောင်းကျန့်ဆီသွားပြီး ဝင်ကူတယ် ။ ဒါပေမဲ့ လင်းနို့မိစ္ဆာပါ ဝင်ရောက်လာတဲ့ အတွက် မောင်နှမနှစ်ယောက်ရဲ့ စွမ်းအားတွေ ကိုပေါင်းစည်းလိုက်တယ် ။ လရဲ့ ဆွဲအားနဲ့ ပင်လယ်ပြင်ရဲ့ ရေတွေ လှိုင်းလုံးတွေကို ဆင့်ခေါ်လိုက်တယ် ပြီးတော့ လေနတ်သားကလည်း ပြင်းထန်တဲ့ လေဆက်နှာမောင်းတစ်ခုကို ဖန်တီးပြီး တိုက်စေတဟ် ။ စည်းလုံးခြင်းသည်အင်အား ဆိုတဲ့အတိုင်း ထိုလက်အောက်ငယ်သားတစ်သိန်းက ပျောက်ခြင်းမလှ သေဆုံးခြင်းမလှ ဘဲသေဆုံးသွားတယ် ။ ဒါပေမဲ့ ပြဿနာက မပြီးသေးဘဲ မြေခွေး ဝံပုလွေမ နဲ့အပေါင်းအပါတွေက ဆက်လက်တိုက်ခိုက်တယ် ခုနက စွမ်းအား တွေအကုန်သုံးပြီးတော့လပြန်ခုခံဖို့ အားကမရှိတော့ဘဲ ရှောင်းကျန့်တို့ မောင်နှမ နှစ်ယောက် သွေးအန်ပြီး ခန္ဓာကိုယ်ဟာ ကြယ်မှုန်အသွင်နဲ့ ကူးပြောင်းပျောက်ကွယ်သွားတယ် အဲ့တာနဲ့ အပြိုင် ထျန်းဝမ်ဓာတ်လုံးဟာ အစိတ်အပိုင်းအနေနဲ့ ပေါက်ကွဲထွက်သွားပြီး ကောင်းကင်ရတနာတွေဟာလည်း ကြယ်မှုန်အသွင်နဲ့ ပျောက်ခြင်းမလှ ပျောက်ဆုံးသွားတယ် ။
22日11月2021年
Jing05
YOU ARE READING
Jin Yu System
FantasyYiZhan English Name : Gold Fish System Chinese name : 金鱼 System Start date: 20.11.2021 End Date : ??? Jing05
